မြန်မာစစ်တပ်က ကာမီကာဇေ ဒရုန်းတစ်စီး ထိုင်းဘက်ပျက်ကျ

မြန်မာစစ်တပ်က ကာမီကာဇေ ဒရုန်းတစ်စီး ထိုင်းဘက်ပျက်ကျ

မြန်မာစစ်တပ်က လွတ်တင်လိုက်တဲ့ ကာမီကာဇေ (အသေခံ)ဒရုန်းတစ်စင်းဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ ခွန်မယ့်ဝိုင် ရွာအနီးပျက်ကျခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ကာမီကာဇေ ဒရုန်းကို ခွန်မယ့်ဝိုင်ရွာကဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပြီးထိုင်းစစ်တပ် က အမှတ် ၃၅၀၂ ခြေမြန်တပ်ရင်းကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်ရဲ့ အမှတ် အမှတ် ၃၅၀၂ ခြေမြန်တပ်ရင်း တာဝန်ရှိသူတွေလာရောက်စစ်ဆေးချိန်မှာတော့ မြန်မာစစ်တပ်ရဲ့ ကာမီကာဇေ ဒရုန်းတစ်စင်း ဘက်ထရီ တစ်လုံး၊ မော်တာအင် ဂျင်အထောက်ခံအပိုပစ္စည်း တစ်ခု နဲ့ ထပ်ပိုင်းမှာ ဘက်တွင်ဓာတ်ငွေ့ဘူး ပုံဏ္ဍန်ရှိ ဗုံးဦးပိုင်း ကို စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ်။

အဆိုပါ မြန်မာစစ်တပ်ရဲ့ ဒရုန်း ဟာ ကရင်အမျိုးအစည်းအရုံး KNU တပ်မဟာ (၇) ကို ဗုံးကြဲဖို့ လွတ်တင်လိုက်တာဖြစ်နိုင်ပြီး ထိုင်းနိုင်ငံထဲမှာ မတော်တဆပျက်ကျခဲ့တာဖြစ်ကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

ဗုံးရဲ့ ဦးပိုင်းလို့ ယူဆထားတဲ့ ဓာတ်ငွေ့ ဘူး ပုံသဏ္ဍန် အရာဝတ္တုကိုတော့ ထိုင်းစစ်တပ် ဖျက်ဆီးဖို့ပြင်ဆင် နေတယ်လို့သိရှိရပါတယ်။

ထိုင်းနိုင်ငံ ထထဲပျက်ကျခဲ့တဲ့ ဒရုန်း ဟာ မတ်လ ၁၈ ရက်နဲ့ ဇွန်လ ၁၂ ရက်တို့မှာ ထိုင်း – မြန်မာ နယ်စပ်အနီးက ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွေကို မြန်မာစစ်တပ်က လာရောက်ဗုံးကြဲတဲ့ ဒရုန်းနဲ့ အမျိုး အစားတူညီနေကြောင်း ထိုင်းစစ်တပ်ရဲ့ ပြောကြားချက်ကိုကိုးကားပြီး မာတီချွန်း သတင်းဌာန ကဖော်ပြထားပါတယ်။

ကိုးကား – မာတီချွန်း

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times