အင်တာနက်အသုံးပြုသူ ၁၆ ဘီလီယံ login အချက်အလက်တွေ ပေါက်ကြား၊ Facebook နှင့် Google စကားဝှက်ပြောင်းဖို့ အကြံပြု
အင်တာနက်အသုံးပြုသူ ၁၆ ဘီလီယံ login အချက်အလက်တွေ ပေါက်ကြား၊ Facebook နှင့် Google စကားဝှက်ပြောင်းဖို့ အကြံပြု

ကမ္ဘာတစ်ဝန်းက အင်တာနက်အသုံးပြုသူ ၁၆ ဘီလီယံ login အချက်အလက်တွေ ပေါက်ကြားခဲ့တာကြောင့် နည်းပညာဆိုင်ရာကျွမ်းကျင်သူတွေက Facebook နှင့် Google အကောင့်တွေ စကားဝှက်ပြောင်းဖို့ အကြံပြုထားတယ်လို့ ဗြိတိန်အခြေစိုက် ဂါဒီယန်းသတင်းဌာန က စနေနေ့မှာဖော်ပြခဲ့ပါတယ်။
ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူတွေလက်ထဲကို Meta ကုမ္ပဏီထုတ်လုပ်ထားတဲ့ Facebook အပါအဝင် အက်ပလီကေးရှင်းမျိုးစုံရဲ့ အကောင့်တွေနဲ့ Google အကောင့်တွေ အပါအဝင် အင်တာနက်အသုံးပြုသူ ၁၆ ဘီလီယံ login အချက်အလက်တွေပေါက်ကြားခဲ့တာဖြစ်တယ်လို့လည်း အင်တာနက် ဆိုင်ရာ သုတေသီတွေတည်ထောင်ထားတဲ့ Cybernews ကလည်းဖော်ပြပါတယ်။
Cybernews တာဝန်ရှိသူတွေကတော့ အင်တာနက်အသုံးပြုသူတွေအနေနဲ့ စကားဝှက်ပြောင်းလဲဖို့ နဲ့ ဒီဂျစ်တယ်လုံခြုံရေးကို အဆင့်မြှင့်တင်ရန် အကြံပြုထားပါတယ်။
Cybernews ရဲ့ တွေ့ရှိချက်တွေ လတ်တလော အင်တာနက်အသုံးပြုသူ ၁၆ ဘီလီယံ login အချက်အလက်တွေပေါက်ကြားခဲ့တယ်လို့ သိရပြီး ဒီထက်လည်း ပမာဏ များပြားနိုင်တယ်လို့ဆိုပါတယ်။
Cybernews ကတွေ့ရှိခဲ့တဲ့ အထောက်အထားတွေတွေအရ ပေါက်ကြားခဲ့တဲ့ အကောင့်တွေထဲမှာ Facebook၊ Apple ၊ Google အပါအဝင် ဝန်ဆောင်မှု အက်ပလီကေးရှင်း နဲ့ အကောင့်တွေပါဝင်တယ်လို့ သိရပါတယ်။
သုတေသနကို ဦးဆောင်ခဲ့သည့် ယူကရိန်းလူမျိုး ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ Bob Diachenko က ပေါက်ကြားသွားတဲ့ login အချက်အလက်တွေနဲ့ အကောင့်တွေ ဟာခိုးယူခံရနိုင်ပြီး မကောင်းတဲ့ နည်းလမ်းတွေမှာ အသုံးပြုခံရနိုင်တယ်လို့ သိပေးထားပါတယ်။
Google ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Cybernews မှ ဖော်ပြခဲ့တဲ့ ဒေတာပေါက်ကြားမှုဟာ Google ရဲ့ ဒေတာဆိုင်ရာကျင့်ဝတ်ချိုးဖောက်မှုတစ်ခုမဟုတ်ကြောင်း ပြောကြားခဲ့ပြီး အကောင့်တွေကို ကာကွယ်ဖို့ Google Passwords Manager တို့လို ဆော့ဝဲလ်တွေ အသုံးပြုဖို့အကြံပြုထားကြောင်း ဂါဒီယန်း သတင်း ကဆိုပါတယ်။
ကိုးကား – ဂါးဒီယန်း
Connect Burma
The Tanintharyi Times