ပင်လယ်ရေအောက်က အင်တာနက်ဖိုက်ဘာဆက်ကြောင်းအပြစ်ဖြစ်လို့ အင်တာနက်လိုင်း နှေးကွေးနေ
ပင်လယ်ရေအောက်က အင်တာနက်ဖိုက်ဘာဆက်ကြောင်းအပြစ်ဖြစ်လို့ အင်တာနက်လိုင်း နှေးကွေးနေ

တနိုင်ငံလုံး အင်တာနက်လိုင်းတွေ နှေးကွေးနေတာဟာ ပင်လယ်ရေအောက် အင်တာနက်ဖိုက်ဘာဆက်ကြောင်းမှာ အပြစ်ဖြစ်ပေါ်နေပြီး အရန်လိုင်းတွေကနေ ပြန်လည်မျှဝေနေရတာကြောင့် ဖြစ်တယ်လို့ ဘီဘီစီကသတင်းဖော်ပြလာပါတယ်။
ပင်လယ်ရေအောက်မှာရှိတဲ့ အင်တာနက် ဖိုက်ဘာ ဆက်ကြောင်း (SEA-ME-WE 5)ဟာ စင်ကာပူကနေ ဥရောပကို ချိတ်ဆက်ထားတာဖြစ်ပြီး မြန်မာက ချိတ်ဆက်ယူထားတဲ့နေရာမှာ အပြစ်ဖြစ်ပေါ် နေတာလို့ ဆိုပါတယ်။
ကုန်းတွင်းပိုင်းမှာဆိုရင် ပြုပြင်ဖို့ လွယ်ကူပေမဲ့ ပင်လယ်ရေအောက်မှာ ဖြစ်ပေါ်တာမို့ ရာသီဥတုအခြေအနေ၊ အပြစ်ဖြစ်မှု အတိုင်းအဆအလိုက် ပြင်ဆင်မှုမှာ အချိန်ကြာမြင့်မှုတွေ ရှိလာနိုင်တယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။
ဒါ့အပြင် ထိုင်းကနေ ရယူထားတဲ့ ဖိုက်ဘာလိုင်းတစ်လိုင်းဟာလည်း ယာဥ်မတော်တဆမှုတစ်ခုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး နယ်စပ်ရေးရာကိစ္စဖြစ်တာကြောင့် အမြန် ပြင်ဆင်ဖို့ ခက်နေတယ်လို့ ဆိုပါတယ်။
မနေ့က ညနေပိုင်းအချိန်လောက်ကစတင်ပြီး အင်တာနက်လိုင်းတွေနှေးကွေးကာ သုံးစွဲနေသူတွေ အခက်အခဲတွေဖြစ်ပေါ်နေပေမဲ့ စစ်ကောင်စီကတော့ ယခုသတင်းဖော်ပြတဲ့အချိန်အထိ ပြည်သူတွေကို အသိပေးသတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
The Tanintharyi Times