NUGPay ကို အေးဂျင့် အယောက်တစ်ထောင်နဲ့ ရှေ့ပြေးစီမံကိန်း စမယ်

NUGPay ကို အေးဂျင့် အယောက်တစ်ထောင်နဲ့ ရှေ့ပြေးစီမံကိန်း စမယ်

အမျိုးသားညီညွတ်ရေးအစိုးရက စီစဉ်တဲ့ ဖုန်းနဲ့ ငွေသွင်း၊ထုတ်တာ ငွေလွှဲတာလုပ်နိုင်မဲ့ NUGPayရဲ့ ပထမဆုံး စမ်းသပ်တဲ့ ရှေ့ပြေး စီမံကိန်း(Pilot Project)ကို အေးဂျင့် တစ်ထောင်နဲ့ စတင်မယ်လို့ ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

Pilot Project ကို အေးဂျင့် တစ်ထောင်နဲ့ NUGPay Wallet စုစုပေါင်း တစ်သောင်းနဲ့ ကနဦး စတင်သွားမှာဖြစ်ပြီး Wallet တွေ ဈေးကွက်ထဲ လည်ပတ်သွားတဲ့အခါမှ ဆက်လက်တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

စမ်းသပ်တဲ့အဆင့်မှာ အေးဂျင့်တစ်ဦးကနေ သုံးစွဲသူ ဆယ်ဦးနှုန်းနဲ့ ဝန်ဆောင်မှုပေးမယ်လို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဒုဝန်ကြီးဦးမင်းဇေယျာဦးက မီဒီယာတွေကို ပြောထားဖူးတဲ့အတွက် ဒီနေ့မနက် ထုတ်ပြန်ချက်အရ သုံးစွဲသူ တစ်သောင်း စတင်သုံးစွဲခွင့်ရမယ့်သဘောပါပဲ။

Pilot Projectဘယ်နေ့စတင်မယ်၊ အသုံးပြုနိုင်မယ် ဆိုတာကိုတော့ NUGpay က မထုတ်ပြန်သေးပါဘူး။ ဒုဝန်ကြီးကတေ့ာ ဒီလကုန်ပိုင်းမှာ Android စနစ်သုံးဖုန်းတွေမှာ စတင်သုံးနိုင်မယ်လို့ မီဒီယာတွေကိုပြောထားပါတယ်။

The Tanintharyi Times