မြန်မာနိုင်ငံက နျူကလီးယားကုန်ကြမ်းတွေ တရားမဝင်ကုန်ကူးတဲ့ ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင် တရားစွဲခံရ

မြန်မာနိုင်ငံက နျူကလီးယားကုန်ကြမ်းတွေ တရားမဝင်ကုန်ကူးတဲ့ ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင် တရားစွဲခံရ

Photo - နျူကလီးယားကုန်ကြမ်း နဲ့ မူးယစ်ဆေးဝါးတွေ ကုန်ကူးမှုကြောင့် စွဲချက်တင်ခံထားရတဲ့ ဂျပန်ရာဇ၀တ်ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa

မြန်မာနိုင်ငံက နျူကလီးယားကုန်ကြမ်းတွေ တရားမဝင်ကုန်ကူးတဲ့အမှု နဲပတ်သက်ပြီး ဂျပန်ရာဇ၀တ်ဂိုဏ်းခေါင်းဆောင် တစ်ဦးကို အမေရိကန်တရားရေးဌာန က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ စွဲချက်တင်လိုက်ပါတယ်။

အသက် ၆၀ အရွယ်ရှိ ဂျပန်ရာဇ၀တ်ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa ဟာ မြန်မာနိုင်ငံက နျူကလီးယားကုန်ကြမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေ တရားမဝင် သယ်ဆောင်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဌာန DEA က Anne Milgram ဆိုပါတယ်။

ဂျပန် ယာကူဇာ ဂိုဏ်းနဲ့ ပတ်သက်ဆက်နွယ်နေသူတစ်ဦးလည်း ဖြစ်တဲ့ Takeshi Ebisawa ဟာ မြန်မာနိုင်ငံ က ယူရေနီယံ အဆင့် နျူကလီးယားကုန်ကြမ်းတွေ ကို အီရန်နိုင်ငံထံ တင်ပို့ရောင်းချဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ DEA တာဝန်ရှိသူတွေကဆိုပါတယ်။

ဂျပန်ရာဇဝတ် ဂိုဏ်းခေါင်းဆောင် နျူကလီးယားကုန်ကြမ်း တွေကို မြန်မာနိုင်ငံတဆင့်ထိုင်းနိုင်ငံ သယ်ထုတ်ပြီး အီရန် ကိုပို့ဆောင်ပေးဖို့ အီရန် စစ်ဗိုလ်ချုပ်တွေ နဲ့ သဘောတူထားတယ်လို့ လည်း AP သတင်းဌာကဖော်ပြပါတယ်။

ဒီ နျူကလီးယားကုန်ကြမ်း ယူရေနီယံတွေ ကို အီရန်နိုင်မှာ ပလူတိုနီယံ အဆင့် ထိ သန့်စင်ပြီး လက်နက် ထုတ်လုပ်ဖို့ လုပ်ဆောင်ထားကြတာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေး ဌာန ရဲ့ ပြောကြားချက်ကိုကိုးကားပြီး ရိုက်တာ သတင်းတစ်ရပ်မှာဖော်ပြပါရှိပါတယ်။

Takeshi Ebisawa နဲ့ အတူ အသက် ၆၁ နှစ်အရွယ် တွဲဖက်တရားခံဖြစ်တဲ့ Somhop Singhasiri လည်း ဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဂျပန်ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်နဲ့ သူရဲ့ တွဲဖက်တရားခံ ကို ဖမ်းဆီးဖို့ အမေရိကန် တရားရေးဌာန က အခုလ ၂၂ ရက်နေ့ မှာ ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။

သူတို့ ဟာ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့ နဲ့ ချိတ်ဆက်ပြီး ယူရေနီယံကုန်ကြမ်း တွေ ရယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့ ရဲ့ အမည်ကိုတော့ သတင်းတွေမှာဖော်ပြထားခြင်း မရှိသေးပါဘူး။

အဲ့ဒီအမျိုးသား နှစ်ဦး ဟာ ၂၀၂၂ ခုနှစ်ကတည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု ၊ တရားမဝင် လက်နက် ကုန်ကူးမှုတွေ နဲ့ တရားစွဲခံ ထားရပါတယ်။

သူတို့ နှစ်ဦးကို အမေရိကန် တရားရေးဌာန က စွဲချက်အသစ်တွေ ထပ်တင်သွားမယ်လို့လည်း ရိုက်တာ နဲ့ AP သတင်းဌာန တွေမှာဖော်ပြထားပါတယ်။

ကိုးကား – ရိုက်တာ ၊ AP

(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times