KNU နယ်မြေတွေမှာ ၆ လအတွင်း တိုက်ပွဲပေါင်း နှစ်ထောင်ကျော် ဖြစ်ပွား

KNU နယ်မြေတွေမှာ ၆ လအတွင်း တိုက်ပွဲပေါင်း နှစ်ထောင်ကျော် ဖြစ်ပွား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ၆ လအတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ် နှစ်ထောင်ကျော်ဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နဲ့ KNDOတို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၂၄၉၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး၊ ဗိုလ် ၄ ဦး၊ အရာခံဗိုလ် ၅ ဦး အပါအဝင် စုစုပေါင်း ၂၆၃၂ ဦးသေဆုံးပြီး ဒုရင်းမှူးတစ်ဦး အပါအဝင် စုစုပေါင်း ၁၆၈၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်များ စစ်ဆင်ရေးအတွက် အသုံး ပြုတဲ့ မော်တော်ယာဉ် (၉၉)စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နဲ့ KNDOတို့၏ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ဦး ကျဆုံးခဲ့ပြီး ၂၅၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။