အဖျင်းအမှော်ကို ရှင်းဖယ်သန့်စင်နေရသူ လူငယ်တစ်ဦးသို့
အဖျင်းအမှော်ကို ရှင်းဖယ်သန့်စင်နေရသူ လူငယ်တစ်ဦးသို့
မင်းကိုမြင်မှ မင်းအဘွားကို လွမ်းရတယ် လွမ်းလှတယ် ငါ့သား
မင်းအဖေရဲ့ ကွယ်ကွယ်ဝှက်ဝှက်အလွမ်းတွေ ငါဖတ်ရတဲ့ခါ ဒါဟာ
သူ့သားကြီးရဲ့ လမ်းကို လှမ်းကြည်ညိုပုံတစ်မျိုးပဲလို့ ငါသဘောရ
နိုင်ငံရေးစိတ်ကြီးလှတဲ့ တောက လယ်သူမကြီးရဲ့ မျိုးဆက်သွေးတစ်စက်ပ
တောင်တန်းတွေဘက်ကို ဒုတိယအကြိမ် အတည်တမ်းထွက်ခဲ့တာဟာ
နိုင်ငံရဲ့ ခေါ်သံ ကြားလို့လား မင်းအဘွားရဲ့ ခေါ်သံကြားလို့လား
The Tanintharyi Times
