ပြည်နယ်အားကောင်းရေးကို ရှေးရှုပြီး ပြည်ထောင်စုအားကောင်းရေး တည်ဆောက်သွားမယ်လို့ တိုင်းရင်သားတော်လှန်ရေးအင်အားစုတွေထုတ်ပြန်

ပြည်နယ်အားကောင်းရေးကို ရှေးရှုပြီး ပြည်ထောင်စုအားကောင်းရေး တည်ဆောက်သွားမယ်လို့ တိုင်းရင်သားတော်လှန်ရေးအင်အားစုတွေထုတ်ပြန်

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်အားကောင်းရေးကို ရှေးရှုပြီး ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်မှုပုံစံနဲ့ တည်ဆောက်သွားမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေနဲ့ ပြည်နယ်၊လူမျိုး ကိုယ်စားပြုကောင်စီ ကိုးဖွဲ့က စက်တင်ဘာလ ၁၉ရက် မှာ သဘောထား ထုတ်ပြန်ကြေညာပါတယ်။

အခုလိုပြည်နယ်တွေကို အားကောင်းစေရေး ကနေ ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်မှုပုံစံ(Bottom Up) ကို တော်လှန်ရေးကာလ/ကြားကာလက စတင်လို့ ပြည်နယ်၊လူမျိုး ကိုယ်စားပြုကောင်စီတွေနဲ့ တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းတွေ အတူတကွ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို အခြေခံမူ ၃ချက်နဲ့ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

အခြေခံမူ ပထမတချက်မှာတော့ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေဟာ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေထဲက ပြည်သူလူထုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယအချက်အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေဟာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတယ်လို့ ဆိုပါတယ်။

နောက်တချက်ကတော့ အချုပ်အခြာအာဏာ၊ သွေးစည်းညီညွတ်မှု၊ လူထုနဲ့အနီးကပ်ဆုံးအာဏာ နဲ့ အချိုးကျမှု အခြေခံမူတွေအတိုင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေတာကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒီသဘောတူညီချက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်နယ်၊လူမျိုးကိုယ်စားပြုကော်မတီတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)နဲ့ အမျိုးသမီးအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB)တို့ သဘောတူ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

The Tanintharyi Times