အီရန်ကို နှစ်ပတ်အချိန်ပေးမယ်လို့ ထရမ့်ပြော

အီရန်ကို နှစ်ပတ်အချိန်ပေးမယ်လို့ ထရမ့်ပြော

Photo - ဂါးဒီးယန်း (အီရန်နိုင်ငံ တီဟီရန်မြို့ကို အစ္စရေး စစ်တပ်ကတိုက်ခိုက်တဲ့မြင်ကွင်း)

အီရန် နဲ့ အစ္စရေး စစ်ပွဲမှာ အမေရိကန် ပါဝင်ဖို့ ရှိ၊မရှိကို နှစ်ပတ်အတွင်းဆုံးဖြတ်သွားမှာဖြစ်ပြီး ဒီကာလဟာ အီရန်အနေနဲ့ အစိုးရအပြောင်းအလဲ လုပ်ဖို့နဲ့ ပဋိပက္ခအရင်းအမြစ်တွေကို ညှိနှိုင်းဖြေရှင်းဖို့ အချိန်ပေးတာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်က အီရန် နဲ့ အစ္စရေး စစ်ပွဲမှာ ပါဝင်ဖို့ နှစ်ပတ်အတွင်းဆုံးဖြတ်ဖို့ အချိန်သတ်မှတ်ထားတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

အခုလို အချိန်ပေးတာဟာ အီရန်ကိုနိုင်ငံတကာနဲ့ ဆွေးနွေးဖို့ လမ်းကြောင်းဖွင့်ပေးထားတာဖြစ်ပြီး နှစ်ပတ်အတွင်း အီရန်ရဲ့ အစိုးရအပြောင်းအလဲ လုပ်ဖို့လိုအပ်တယ်လို့ လည်းပြောဆိုခဲ့ပါတယ်။

ထရမ့်က အီရန်အနေနဲ့ နျူကလီးယားအရေးဆွေးနွေးမှုပြုလုပ်ဖို့ လည်း ပြင်ဆင်ထားဖို့ပြောကြားထားတာပါ။

ထရမ့်က ကြာသာပတေးနေ့မှာ “ အီရန်ကိုဝင်ရောက်တိုက်ခိုက်သွားမှာလားဆိုတာ နှစ်ပတ်အတွင်းဆုံးဖြတ်သွားပါမယ်။ ဒီကြားထဲမှာ တီဟီရန်အနေနဲ့ သဘောတူချက် စာချုပ်စာတမ်းတွေပြင်ထားဖို့လိုတယ်” လို့ ထရမ့်ကပြောကြားသွားတာပါ။

ထရမ့်က အခုလိုပြောနေပေမယ့် အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်ကတော့ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယ်ယာတိုလာ ခါမေနီကို လွတ်မြောက်ခွင့်မပေးနိုင်ဘူးလို့ ပြောကြားခဲ့ပြီး အယ်ယာတိုလာ ခါမေနီ ရှိနေတဲ့နေရာတွေကိုတိုက်ခိုက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။

အမေရိကန် ရဲ့ ကာလရှည်မိတ်ဖက် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကတော့ အီရန်တိုက်ပွဲမှာ အမေရိကန်ကို ပူးပေါင်းပါဝင်ဖို့ အလိုရှိနေပြီး ထရမ့်တစ်ဦးတည်းသာ အီရန်ရဲ့ နျူးကလီးယား စီမံကိန်းကို အဆုံးသတ်နိုင်မယ်လို့ပြောဆိုထားပါတယ်။

ကိုးကား – ဂါးဒီးယန်း

( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times