လောင်းလုံးမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်သူ အရေအတွက် ငါးရက်အတွင်း သုံးထောင်ဝန်းကျင်ရှိ

လောင်းလုံးမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်သူ အရေအတွက် ငါးရက်အတွင်း သုံးထောင်ဝန်းကျင်ရှိ

LaungLone

စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လောင်းလုံးမြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက်ဟာ ၅ ရက်အတွင်းမှာ သုံးထောင်ဝန်းကျင်အထိရှိလာတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုထုတ်ပြန်တဲ့စာရင်းဟာ ဇွန်လ၁၆ ရက်နေ့ကနေ ၂၀ရက်နေ့အထိ ရရှိထားတဲ့အချက်အလက်တွေပါ။

ဇွန်လ ၁၆ရက်နေ့ညမှာ စစ်ကောင်စီလက်ချက်နဲ့ အမျိုးသမီး ၂ဦး၊ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ၅ရက်အတွင်းမှာ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၈ဦး စုစုပေါင်း ၂၆ ဦးအထိဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

ဒါအပြင်နေအိမ် ၃ ဆောင်လည်းမီးရှို့ဖျက်ဆီးခံရပြီး တစ်ဆောင်ကတော့ ပြာကျပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ လောင်းလုံးမြို့နယ်ကို ကုန်းလမ်း၊ ရေလမ်းကနေ ဝင်ရောက်ခဲ့ကြပြီး မြို့ပေါ်၊ ကျေးလက်ဒေသတွေမှာ ဖမ်းဆီးစစ်ဆေးတာတွေကို ယနေ့အထိ လုပ်ဆောင်နေပါတယ်။

The Tanintharyi Times