ရခိုင်ပြည်နယ်မှာ ၃လတာကာလ တိုက်ပွဲတွေအတွင်း အရပ်သား ၈၁ဦးသေဆုံး
ရခိုင်ပြည်နယ်မှာ ၃လတာကာလ တိုက်ပွဲတွေအတွင်း အရပ်သား ၈၁ဦးသေဆုံး
ရခိုင်ပြည်နယ်မှာ ၃လတာကာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈၁ဦး သေဆုံးခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး HDCO က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ၁၃ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၈၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၆၀ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးသူတွေဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလတ်ဝ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်တွေက အရပ်သားတွေဖြစ်ပြီး မြောက်ဦးမြို့နယ်မှာ သေဆုံးသူအများဆုံးရှိခဲ့တယ်လို့ ဆိုပါတယ်။
HDCOရဲ့ စာရင်းတွေအရ မြောက်ဦးမြို့နယ်မှာ ၂၅ဦး၊ မင်းပြားမြို့နယ်မှာ ၁၄ဦးနဲ့ ပေါက်တောမြို့နယ်မှာ ၁၁ဦးစီ အများဆုံးသေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလိုအရပ်သားသေဆုံးမှုတွေဟာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ရေတပ်က ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေဖြစ်တယ်လို့ HDCOက ဆိုထားပါတယ်။
Connect Burma
The Tanintharyi Times
