အီရန်ကို အစ္စရေး တုန့်ပြန်တိုက်ခိုက်

အီရန်ကို အစ္စရေး တုန့်ပြန်တိုက်ခိုက်

Photo –အီရန် နိုင်ငံ အစ္စဖာဟန် မြို့ /Getty Image

အီရန်ကို အစ္စရေး က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရတယ်လို့ အီရန် နိုင်ငံပိုင်သတင်းဌာနတွေက ဖော်ပြခဲ့ကြသလို အမေရိကန် စစ်တပ်က တာဝန်ရှိသူတွေကလည်း CNN ကို အတည်ပြုပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အစ္စရေးဖက်က အီရန် ရဲ့ အစ္စဖာဟန် မြို့ကို ဒုံးကျည်တွေနဲ့ လက်တုန်ပြန်တိုက်ခိုက်မှုတွေလုပ်ဆောင် ခဲ့တယ်လို့ CNN မှာဖော်ပြထားပါတယ်။

သောကြာနေ့မနက်ပိုင်းမှာ အီရန်နိုင်ငံ အစ္စဖာဟန် မြို့က လေတပ်စခန်းအနီးမှာ ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးအီရန်ဖက်က လည်း လေကြောင်းကာကွယ်ရေးဒုံးလက်နက်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြပါတယ်။

အစ္စရေးက ဒီတိုက်ခိုက်မှုတွေ မစတင်ခင်မှာ အမေရိကန်ကို အသိပေးတယ်လို့ အမေရိကန်အရာရှိက CNN သတင်းဌာနကို အတည်ပြုပါတယ်။

အခု တိုက်ခိုက်ခံရတဲ့ အီရန်နိုင်ငံအစ္စဖာဟန် မြို့ဟာ အီရန်ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ရေး ကြိုးပမ်းနေတဲ့ စက်ရုံတွေ တည်ရှိတဲ့ ဒေသတစ်ခုဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

အီရန်နိုင်ငံရဲ့ အနုမြူစက်ရုံတွေကို တိုက်ခိုက်လာရင်၊ အစ္စရေးရဲ့ အနုမြူပစ်မှတ်တွေကို တန်ပြန်တိုက်ခိုက်မယ်လို့ အီရန်ဖက်က ကြာသပတေးနေ့ကပဲ သတိပေးခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အီရန်က အဝေးထိန်း ဒရုန်း ၃၀၀ ကျော်၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကို အစ္စရေးက လက်တုန့်ပြန်တဲ့ အနေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း နိုင်ငံတကာသတင်း တွေမှာဖော်ပြထားပါတယ်။

ကိုးကား – CNN, IRNA

(ယခု ဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times