“ဝ”ဒေသမှာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC)အဖွဲ့ဝင်တွေ ဆွေ့ဆုံ
“ဝ”ဒေသမှာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC)အဖွဲ့ဝင်တွေ ဆွေ့ဆုံ

UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေဟာ “၀” ဒေသမှာ မနေ့က တွေ့ဆုံခဲ့ကြတယ်လို့ The Kokang မီဒီယာက ဖော်ပြပါတယ်။
တွေ့ဆုံခဲ့တဲ့ အဖွဲ့တွေကတော့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ ရှမ်းအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) နဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့် (MNDAA)တို့ပါဝင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်မတော် (AA)က ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကလည်း “ဝ” ဒေသကို မကြာခင်ရက်ပိုင်းက လာရောက်ပြီး UWSA နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ The Kokang ရဲ့သတင်းမှာ ရေးသားထားပါတယ်။




The Tanintharyi Times