ပုလောမှာ ဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်
ပုလောမှာ ဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်
ပုလောမြို့နယ် ဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက မနေ့ကနေ့လည်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
လက္ကူးကျေးရွာ သီတာအိုင်ဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးဖို့တားချိန် ခဏရပ်ပေးပြီး ပြန်မောင်းချိန်မှာ ပစ်ခတ်ခံလိုက်ရတာ ဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။
အခုလိုပစ်ခတ်ခံရတာကြောင့် ဆိုင်ကယ်အနောက်မှာထိုင်လာသူ ဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်မောင်းလာသူ ဆီးခုံရှပ်ထိဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
“ဆိုင်ကယ်မောင်းထွက်ချိန် အနောက်ကနေပစ်လိုက်တာပါ။ နှစ်ချက်ပစ်တာ တစ်ချက်ထိသွားတယ်” လို့ပုလောဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှတော့နှစ်ဦးစလုံး ဆေးရုံတက်ပြီးဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
အခုလ ၁၀ ရက်နေ့ကလည်း ကော့သောင်းမြို့မှာ ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ လှမ်းပစ်ခဲ့တဲ့အတွက် အသက် ၂၄ နှစ် အရွယ် သူငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။
The Tanintharyi Times
