စက်သုံးဆီစျေး တစ်လီတာ နှစ်ထောင်ကျပ်ဝန်းကျင်အထိ ရောက်လာ
စက်သုံးဆီစျေး တစ်လီတာ နှစ်ထောင်ကျပ်ဝန်းကျင်အထိ ရောက်လာ
တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ စက်သုံးဆီစျေးမြင့်တက်လာနေပြီး ဒီနေ့ မတ်လ ၃ ရက်နေ့မှာ တစ်လီတာကို နှစ်ထောင်ဝန်းကျင်အထိ ရှိလာပါတယ်။
အောက်တိန်း ၉၅ တစ်လီတာကို ၂၀၅၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာကို ၁၉၅၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၀၀၀ ကျပ်ဝန်းကျင်ရှိနေတယ်လို့ ထားဝယ်မြို့ဆီဆိုင်တွေကနေသိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ရိပ်ရိပ်မြင့်တက်လာတဲ့စက်သုံးဆီစျေးဟာ ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲကြောင့်ပိုမိုမြင့်တက်လာခဲ့တာပါ။
ရုရှားနဲ့ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးမြင့်တက်လာတဲ့အတွက် မြန်မာ့ပြည်တွင်းစက်သုံးဆီစျေးဟာလည်း တစ်ရက်ထက်တစ်ရက်မြင့်တက်လာနေတာဖြစ်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေကပြောဆိုကြပါတယ်။
ထားဝယ်မြို့မှာ ဖေဖော်ဝါရီလလယ်ပိုင်းလောက်က အောက်တိန်း ၉၅ တစ်လီတာကို ၁၆၀၀ ကျပ်ဝန်းကျင်ပဲရှိခဲ့တယ်လို့ ထားဝယ်မြို့ခံတွေကဆိုပါတယ်။
