လေယာဥ်စီးသူတွေ ဆီဖိုးအတွက် ငွေကျပ် ၂သောင်းအထိ အပိုဆောင်းထပ်ပေးနေရ
လေယာဥ်စီးသူတွေ ဆီဖိုးအတွက် ငွေကျပ် ၂သောင်းအထိ အပိုဆောင်းထပ်ပေးနေရ
ပြည်တွင်းလေယာဥ်ခရီးစဥ်တွေမှာ လက်မှတ်တစ်စောင်ကို ဆီဖိုးငွေကျပ် ၂သောင်းအထိ အပိုဆောင်းထပ်ပေးနေရတယ်လို့ ထားဝယ်မြို့ခံခရီးသည်တချို့ကပြောပါတယ်။ လက်မှတ်စျေးနှုန်းကို ဒီလ ၁၀ ရက်နေ့က စပြီး လေယာဥ်ဆီဖိုး(Fuel Surcharge) ခေါင်းစဥ်နဲ့ တိုးမြှင့်လိုက်တာဖြစ်ပြီး လေကြောင်းလိုင်းတစ်ခုနဲ့တစ်ခု စျေးနှုန်းတိုးမြှင့် တာမတူညီဘူးလို့လည်း သိရပါတယ်။
ရန်ကုန်၊ ထားဝယ် လေယာဉ်လက်မှတ်တစ်စောင်ဟာ အရင်က အနိမ့်ဆုံး ကျပ် ငါးသောင်းကျော်ကနေ အခုအခါမှာ အမြင့်ဆုံး ကျပ် ၈သောင်းအထိ ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်-ထားဝယ်ခရီးစဥ်တွေအတွက် လေယာဥ်ဆီဖိုးကို မြန်မာနေရှင်နယ် လေကြောင်းလိုင်းက ငွေကျပ် ၂သောင်းကျော် အထိ ကောက်ခံပြီး KBZ လေကြောင်းလိုင်းကတော့ ငွေကျပ်၉၀၀၀ အထိကောက်ခံ နေတယ်လို့ ထားဝယ်မြို့က လေယာဥ်လက်မှတ်အရောင်းဌာနတစ်ခုက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ရန်ကုန်-ထားဝယ်လေကြောင်းခရီးစဉ်ကို MNA နဲ့ Air KBZ လေကြောင်းလိုင်း နှစ်လိုင်း ပြေးဆွဲနေပါတယ်။
