သရဲတစ္ဆေ အော်သံတွေ အသံချဲ့စက်နဲ့ ထုတ်လွင့်ပြီး ထိုင်းက စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတယ်လို့ ကမ္ဘောဒီယားပြော

သရဲတစ္ဆေ အော်သံတွေ အသံချဲ့စက်နဲ့ ထုတ်လွင့်ပြီး ထိုင်းက စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတယ်လို့ ကမ္ဘောဒီယားပြော

နယ်စပ်အငြင်းပွားမှုဖြစ်နေတဲ့ ထိုင်း- ကမ္ဘောဒီးယား နယ်စပ်မှာ ချောက်ချားဖွယ် သရဲတစ္ဆေအော်သံ တွေ အသံချဲ့စက်နဲ့ ထုတ်လွင့်ပြီး ထိုင်းစစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတယ်လို့ ကမ္ဘောဒီယားပြော ကမ္ဘောဒီးယား လူ့အခွင့်အရေး ကော်မရှင်ကထုတ်ပြန်ပါတယ်။

ထိုင်း- ကမ္ဘောဒီးယား နယ်စပ်မှာ ထိတ်လန့်ဖွယ် သရဲတစ္ဆေ အော်သံတွေထုတ်လွင့် ဒေသခံတွေကို ကြောက်လန့်အောင် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ မှာ နယ်စပ်အငြင်းပွားမှုပြဿနာကြောင့် ထိုင်း နဲ့ ကမ္ဘောဒီးယား တို့ စစ်ဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲပေမယ့် ထိုင်းစစ်တပ်က တော့ စိတ်ဓာတ်စစ်ဆင်ရေး ဆက်လုပ်နေတယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ကပြောပါတယ်။

လက်ရှိမှာ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ အသက် ၇၃ နှစ်အရွယ် ဟွန်ဆန်က “ ပြင်းထန်ပြီး ကျယ်လောင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတဲ့ အသံတွေ ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂကို တိုင်ကြားသွားမယ်” လို့ ပြောပါတယ်။

ဟွန်ဆန်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာ တာ့ခ် (Volker Turk) ထံ ကိုလည်း အဆိုပါ ကိစ္စနဲ့ပတ်သက်လို့ အောက်တိုဘာလ ၁၁ ရက်နေ့က အကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီစာထဲမှာတော့ ထိုင်းစစ်တပ်ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်၊ အနိုင်ကျင့် တယ်လို့ ဟွန်ဆန် က ရေးသားထားပါတယ်။

ထိုင်းစစ်တပ်ဟာ အသံချဲ့ စက်တွေကို ကမ္ဘောဒီးယား ဘက်ခြမ်းက အရပ်သားတွေနေထိုင်ရာ ဘက်ကို ဦးတည်ပြီး သရဲတစ္ဆေ အော်သံတွေ ညလုံးပေါက်ထုတ်လွှင့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီကိစ္စ နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဘက်ကတော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ကိုးကား – ဂါးဒီယန်း

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times