မြန်မာ့ပဋိပက္ခတွေကိုဖြေရှင်းဖို့ ထိုင်းနိုင်ငံက ‘မဆုတ်မနစ်’ ကြိုပမ်းနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော
မြန်မာ့ပဋိပက္ခတွေကိုဖြေရှင်းဖို့ ထိုင်းနိုင်ငံက ‘မဆုတ်မနစ်’ ကြိုပမ်းနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန်သွားဖို့ အိမ်နီးချင်းထိုင်းနိုင်ငံအနေနဲ့ မဆုတ်မနစ် မရပ်မနား ကြိုးပမ်းနေတယ်လို့ ထိုင်း ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် က ပြောပါတယ်။
ဝန်ကြီးချုပ် ဆရက်သာ ရဲ့ အစိုးရအဖွဲ့ဟာ လက်ရှိ အာဆီယံဥက္ကဌဖြစ်နေတဲ့ လာအိုနိုင်ငံ အပါအဝင် အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့ဆုံပြီး မြန်မာအရေး ဆွေးနွေးနေတယ်လို့ သောကြာနေ့က တိုကျိုမြို့မှာ ကျင်းပတဲ့ Nikkei’s Future of Asia Forum မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးနေကြောင်း ထိုင်းဝန်ကြီးချုပ် က ထပ်လောင်းပြောကြားခဲ့ပါတယ်။
“အနာဂတ်မှာ ငြိမ်းချမ်း တည်ငြိမ်ပြီး စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံဖြစ်လာဖို့အတွက် ကျွန်တော်တို့ မဆုတ်မနစ် လက်တွဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်စေချင်တယ်” လို့ သူက ဆိုပါတယ်။
မကြာသေးခင် လပိုင်းက စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ ပိုမို တိုးမြှင့်လုပ်ဆောင်လာတာကြောင့် လက်ရှိမှာ မြန်မာ-ထိုင်း နယ်စပ်တလျှောက် စစ်ပွဲတွေ ဖြစ်ပွားနေပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေတိမ်းရှောင်နေရသူ မြန်မာစစ်ဘေးဒုက္ခသည်အရေအတွက်လည်း ပိုမိုများပြားလာပါတယ်။
စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလမှာ ရွေးကောက်ပွဲကျင်းပဖို့ ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သံသယတွေ ပိုတိုးလာဖွယ်ရှိပါတယ်။
The Tanintharyi Times