KBZ pay အပါအဝင် မိုဘိုင်းငွေကြေးစနစ်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အသေးစိတ်ကောက်ခံဖို့နဲ့ ငွေထုတ်၊ ငွေလွဲသူကို လျှို့ဝှက်ဓာတ်ပုံရိုက်ကူးထားဖို့ စစ်ကောင်စီညွှန်ကြား

KBZ pay အပါအဝင် မိုဘိုင်းငွေကြေးစနစ်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အသေးစိတ်ကောက်ခံဖို့နဲ့ ငွေထုတ်၊ ငွေလွဲသူကို လျှို့ဝှက်ဓာတ်ပုံရိုက်ကူးထားဖို့ စစ်ကောင်စီညွှန်ကြား

မိုးဘိုင်းငွေကြေးစနစ် အသုံးပြုသူရဲ့ အချက်အလက်အသေးစိတ်ကို ကောက်ယူရန်နဲ့ ငွေထုတ်၊ ငွေလွဲသူကို လျှို့ဝှက်ဓာတ်ပုံရိုက်ကူးထားဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ညွှန်ကြားစာထုတ်ထားပါတယ်။

အခုလ ၁၅ရက်နေကစပြီး KBZ pay ၊ wave money နဲ့ အခြား မိုဘိုင်းငွေပေးချေတဲ့ ဝန်ဆောင်မှုတွေကိုအသုံးပြုဖို့ အကောင့်အသစ်ဖွင့်ရာမှာ အမည်၊ မှတ်ပုံတင်အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ် (အရှေ့/အနောက်) ပုံ၊ ဖုန်းနံပါတ်နဲ့ Face ID စတဲ့အချက်အလက်အပြည့်အစုံပါမှဖွင့်ပေးဖို့ ညွှန်ကြားထားပါတယ်။

လက်ရှိမှာ ဖွင့်ထားတဲ့ Level 1 အကောင့်တွေကိုလည်း အသေးစိတ်အချက်အလက်ပြန်လည်ကောက်ယူပြီး ၃ လအတွင်း Level 2 အဆင့်မြင့်ရမယ်လို့လည်း မှာထားပါတယ်။

Level 3 အဆင့်အသုံးပြုသူတွေကတော့ အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုး ထောက်ခံစာနဲ့ ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံစာတွေ ရှိရမယ်လို့ဆိုပါတယ်။

ဒါ့အပြင်ငွေလွှဲ၊ ငွေထုတ်သူတွေကို မှတ်တမ်းတင်နိုင်ဖို့အတွက် ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေမှာ CCTVတပ်ဆင်တာ၊ ဒါမှမဟုတ် လျှို့ဝှက်ဓာတ်ပုံရိုက်ကူးထားတာတွေကိုလည်းပြုလုပ်ခိုင်းထားပါတယ်။

မိုဘိုင်းငွေကြေးစာရင်းကို ဘဏ်ငွေစာရင်းနဲ့ ချိတ်ဆက်ဆောင်ရွက်ထားပါက ဘဏ်စာရင်းပိုင်ရှင်အမည်၊ ဘဏ်အမည်၊ ဘဏ်ငွေစာရင်းအမှတ်တို့ကို ထည့်သွင်းဖော်ပြရမယ်လို့ ညွှန်ကြားစာမှာ ရေးထားပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ ယခု ညွှန်ကြားစာကို မိုဘိုင်းငွေရေး၊ ကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ မိုဘိုင်းပေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ဘဏ်တွေကို လိပ်မူပြီး အကြောင်းကြားထားတာဖြစ်ပါတယ်။

The Tanintharyi Times