ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မနက်ဖြန် ပြန်လွတ်မယ်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မနက်ဖြန် ပြန်လွတ်မယ်
ထောင်ကျနေတဲ့ ထိုင်ဝန်ကြီးဟောင်း သက်ဆင် ကို မနက်ဖြန် တနင်္ဂနွေနေ့မှာ ပြန်လွှတ်ပေးတော့ မယ်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဝိစင် ပြောဆိုခဲ့ပါတယ်။
“ မနက်ဖြန် ၁၈ ရက်နေ့မှာ လွှတ်ပေးပါမယ် ။ ဒါဟာ ဥပဒေအတိုင်း လုပ်ဆောင်တာဖြစ်ပါတယ်” လို့ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် မှာ သတင်းထောက်တွေ ကို ဝန်ကြီးချုပ် ဆရက်သာ သာဝိစင် ကပြောကြားခဲ့တာဖြစ်ပါတယ်။
ဘန်ကောက်မြို့မှာ ရှိတဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲ့ ဆေးရုံ ကနေ တဆင့် ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ လည်း ဆရက်သာ သာဝိစင် ကဆိုပါတယ်။
အသက် ၇၄ နှစ်အရွယ် ထိုင်းဝန်ကြီးချုပ်ဟောင်း ဘီလျံနာ စီးပွားရေး လုပ်ငန်းရှင် သက်ဆင် ဟာ သူရဲ့ ပြစ်ဒဏ် တွေရှောင်ရှားနိုင်ဖို့ အတွက် ပြည်ပကို ၁၅ နှစ်ကြာ တိမ်းရှောင်သွား ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဖွေ့ထိုင်းပါတီ အစိုးရ တက်လာတဲ့ အချိန်မှ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
ပြည်တော်ပြန်လာပြီးနောက် သက်ဆင် အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၈ နှစ် အစား ၁ နှစ်သာကျခံစေဖို့ဘုရင် မဟာဝိဇယလောင်ကွန်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။
သင်ဆင်ဟာ ထိုင်းရဲတပ်ဖွဲ့ ဆေးရုံ မှာ ၆ လ ပြစ်ဒဏ်ကျခံထားပြီး နောက် အခု ဖေဖော်ဝါရီ လမှာ ပြန်လည် လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။
ကိုးကား – ရိုက်တာ
(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
