၁၀၂၇စစ်ဆင်ရေးမှာ ရက္ခိုင့်တပ်တော်က စစ်ကောင်စီစခန်း ၁၄၂ခု သိမ်းပိုက်ထားနိုင်
၁၀၂၇စစ်ဆင်ရေးမှာ ရက္ခိုင့်တပ်တော်က စစ်ကောင်စီစခန်း ၁၄၂ခု သိမ်းပိုက်ထားနိုင်
၁၀၂၇စစ်ဆင်ရေးမှာ ရက္ခိုင့်တပ်တော် AAက စစ်ကောင်စီရဲ့ စခန်းပေါင်း ၁၄၂ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ညီနောင်မဟာမိတ်အဖွဲ့က မနေ့က (ဒီဇင်ဘာလ ၁၄ရက်) ညပိုင်းက ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေး ၄၅ရက်တာ ကာလအတွင်း စစ်ကောင်စီရဲ့ အချက်အချာကျတဲ့ ဗျူဟာကုန်းတွေ၊ စစ်စခန်း တွေ၊ ရဲစခန်းတွေ၊ စစ်ဘက်ရဲဘက် ပူးပေါင်းစခန်းတွေနဲ့ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စုစုပေါင်းစခန်း ၁၄၂ခုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ရယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီအထဲမှာ စစ်ကောင်စီတပ်ရဲ့ အချက်အချာ ဗျူဟာစခန်းကြီးနှစ်ခုဖြစ်တဲ့ ထရွန်အိုင်ဗျူဟာစခန်းကုန်း နဲ့ နှုံးဘူးဗျူဟာစခန်းကုန်းတို့လည်းပါဝင်ပါတယ်။
ပလက်ဝဒေသက တရွန်အိုင်ဗျူဟာကုန်း ကို ဒီဇင်ဘာလ ၄ ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တဆက်တည်း တိုက်ခိုက်ခဲ့တဲ့ နှုံးဘူး ဗျူဟာကုန်းကို ဒီဇင်ဘာ ၁၀ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ AAက ဆိုပါတယ်။
နှုံးဘူးဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ နှုံးဘူးဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဗညားပိုင်စိုး ကျဆုံးသွားတယ်လို့ ညီနောင်မဟာမိတ်မအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ရခိုင် နဲ့ ပလက်ဝဒေသမှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မနေ့က (ဒီဇင်ဘာလ ၁၄ရက်) ရခိုင်ဒေသက ဘူးသီးတောင်၊ မြောက်ဦး၊ ပေါက်တောနဲ့ မင်းပြားမြို့နယ်တွေမှာ အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးတွေ အပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ိုက်ခိုက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
connect burma
The Tanintharyi Times
