ရေတလျောက်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး၊ လက်နက်ခဲယမ်းအများအပြားရရှိ
ရေတလျောက်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး၊ လက်နက်ခဲယမ်းအများအပြားရရှိ
ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရေတလျောက်စခန်းကိုသိမ်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉ ဦးသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။
စက့တင်ဘာလ ၁၄ ရက် မနက် ၈ နာရီဝန်းကျင်က KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်ရင်း(၁၈)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၅ မိနစ်အတွင်း စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့သလို KNLA-တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲနဲ့အတူ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက်၊ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ကိုလည်း ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်ကိုစွန့်ခွာထွက်ပြေးပြီး KNU – ကရင်အမျိုးသားအစည်းအရုံး နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံကို လာရောက်ပူးပေါင်းတာတွေလည်း အများအပြားရှိနေတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
အခုနှစ် မတ်လထဲမှာလည်း KNLA ပူးပေါင်းတပ်တွေဟာ သံလွင်မြစ်ကမ်းက စစ်ကောင်စီတပ်စခန်း မယ်ခါးထာ့နဲ့ လယ်တိုးစခန်းနှစ်ခုကို တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မယ်ခါးထာ့စခန်းကိုသိမ်းနိုင်ခဲ့ကာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ပါတယ်။
The Tanintharyi Times
