စစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ အာဆီယံ ဥက္ကဌ ဘန်ကောက်မှာတွေ့မယ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ အာဆီယံ ဥက္ကဌ ဘန်ကောက်မှာတွေ့မယ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ အာဆီယံ ဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် အပါအဝင် အာဆီခေါင်းဆောင်တွေဟာထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီသီတင်းအပတ်အတွင်း တွေ့ဆုံဖို့ရှိနေပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ အာဆီယံ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တော်လှန်ရေးအဖွဲ့တွေ နဲ့ စစ်ကောင်စီ အကြားစေ့စပ်ညှိနှိုင်းရေး ကိစ္စနဲ့ ငလျင်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က ပြောကြားခဲ့တယ်လို့ The Straits Times သတင်းတစ်ရပ်ကဖော်ပြပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာ စစ်ခေါင်းဆောင်နဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမှာဖြစ်တယ်လို့ အန်နဝါ အီဘရာဟင် ကအတည်ပြုပါတယ်။

“ အပစ်အခတ်ရပ်စဲရေး သက်တမ်းထပ်တိုးပေးဖို့ နဲ့ စေ့စပ်ညှိနှိုင်းရေး လုပ်ဖို့ တောင်းဆိုမှာပါ” လို့လည်း မလေးရှားဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲပပါတယ်။

မင်းအောင်လှိုင် နဲ့ မတွေ့ခင်မှာ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်က တရုတ်နိုင်ငံကို အရင်ဆုံးသွားရောက်မှာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ အခု အခုလ ၄ ရက်နေ့ကထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး ကိုတက်ရောက်ခဲ့ပြီး အာဆီယံဥက္ကဌ ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် နဲ့တွေ့ဆုံခဲ့ပါတယ်။

မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုက်တွန်းခဲ့ကြောင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြောကြားခဲ့ပြီး သူ့ရဲ့ အကြံပေးချက်စစ်ခေါင်းဆောင်က လက်ခံတယ်လို့ လည်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သက်ဆင်က ထိုင်းနိုင်ငံကို မြန်မာ ပဋိပက္ခပြေလည်ဖို့ စေ့စပ်ညှိနှိုင်းရာနေရာအဖြစ် အသုံးချနိုင်တယ်လို့ပြောဆိုထားပါသေးတယ်။

ကိုးကား – The Straits Times

(ယခု ဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times