ထားဝယ်လူငယ်နှစ်ဦး ထောင်ဒဏ် ၁၂နှစ်စီအမိန့်ချမှတ်ခံရ
ထားဝယ်လူငယ်နှစ်ဦး ထောင်ဒဏ် ၁၂နှစ်စီအမိန့်ချမှတ်ခံရ

ထားဝယ်မြို့ပေါ်က အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ ညီအစ်ကိုနှစ်ဦးကို ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၂နှစ်စီအမိန့်ချမှတ်ခဲ့ပါတယ်။
အသက် ၁၉နှစ်အရွယ် ကိုပိုင်ခန့်ဇော်နဲ့ အသက် ၂၄နှစ်အရွယ် ကိုဆက်မိုင်စိုးတို့ကို မတ်လ ၄ရက်နေ့က အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ ထားဝယ်နိုင်ကျဥ်းများကွန်ရက်ကထုတ်ပြန်ထားပါတယ်။
သူတို့နှစ်ယောက်ကို မနှစ်က မေလထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထားဝယ်မြို့၊ ကျောက်မော်ကြီးရပ်ကွက်က သူတို့ရဲ့နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနော် ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၁၄၅၊ ပေါက်ကွဲပုဒ်မ ၃/၅ တို့နဲ့တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။
သူတို့နှစ်ယောက်ဟာ ထောင်ဒဏ် ၁၂နှစ်အမိန့်ကျခံထားရတဲ့ ကိုဟိန်းမင်းကိုကိုနဲ့ အမှုတွဲတွေဖြစ်တယ်လို့လည်းသိရပါတယ်။