ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွား၊ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ငါးဦးသေပြီး လက်နက်တွေသိမ်းဆည်းရမိ
ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွား၊ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ငါးဦးသေပြီး လက်နက်တွေသိမ်းဆည်းရမိ
ထိုင်းနိုင်ငံနယ်စပ်အနီး ဝါးတောရွာနဲ့ ဆင်ဖြူတိုင်ရွာအကြား မတ်လ ၁၃ ရက် နံနက်ပိုင်း၊ နေလည်ပိုင်းနဲ့ ညပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ အဲဒီလမ်းကိုအသုံးပြုသွားလာနေတဲ့သူတချို့ကပြောပါတယ်။
ကရင်ဒေသခံတိုင်းရင်းသားတွေအကြားနာမည်ကြီးတဲ့ ကော်လာဖိုးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ခလရ ၂၆၇ ဘက်က က ၅ ဦးသေဆုံး၊ သုံးဦးဒဏ်ရာရခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်တိုင်းသားဒေသက သတင်းတွေကိုဖော်ပြနေတဲ့ Kwe Ka Lu News မှာရေးသားထားပါတယ်။
သေဆုံးသူတွေထဲမှာ ဒုတပ်ရင်းမှူးလည်းပါဝင်တယ်လို့ သိရပါတယ်။ RPG ၁ လက်၊ ၆၀ မမ ၂ လက်၊ MA 2 ၄ လက်နဲ့ တခြားစစ်သုံးပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လိုဆိုပါတယ်။
ပစ်ခတ်မှုတိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ချို့ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်-ထီးခီးသွားလာနေတဲ့ ကားငါးစီးထက်မနည်း ချောဆွဲထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်ကလည်း ဝါးတောရွာအနီးမှာရှိတဲ့စစ်ကောင်စီဂိတ်ကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ဖူးပါတယ်။
ဒီရက်ပိုင်းအတွင်း ထားဝယ်-ထီးခီးလမ်းတစ်လျောက် အရှေ့တောဒေသမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေခပ်စိပ်စိပ်ရှိလာနေပါတယ်။
ကိုးကားစာသား
