ပျောက်ဆုံးနေတဲ့ တရုတ်အမျိုးသမီးငယ်နှစ်ဦး ပြန်တွေ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်
ပျောက်ဆုံးနေတဲ့ တရုတ်အမျိုးသမီးငယ်နှစ်ဦး ပြန်တွေ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်
ထိုင်းနိုင်ငံကို အလည်အပတ်လာရောက်ပြီး ပျောက်ဆုံးသွားတယ်လို့ မိသားစုဝင်တွေက အမှုဖွင့်တိုင်း ကြားထားတဲ့ တရုတ်အမျိုးငယ်နှစ်ဦးကို ပြန်လည်တွေ့ရှိပြီး တရုတ်နိုင်ငံကို ဘေးကင်းစွာပြန်လည်ပို့ဆောင်နိုင်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးရေး အရာရှိတစ်ဦး ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် ဝူကျားချီနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ ထိုင်းနိုင်ငံကို အလည်အပတ်ရောက်လာပြီး အိမ်နီးခြင်းနိုင်ငံတစ်ခုကို အလည်အပတ်သွားရောက်စဉ် အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပြီး လက်ရှိအချိန်မှာ တရုတ်နိုင်ငံကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေပေးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေး ရဲချုပ် ထပ်ချိုင်း ကပြောပါတယ်။
တရုတ် အမျိုးသမီးငယ်နှစ်ဦး ဟာ ဇန်နဝါရီ ၆ရက် မှာထိုင်းနိုင်ငံကိုရောက်လာပြီး မိသားစု နဲ့ အဆက်အသွယ်ပြတ်တောက်သွားတာကြောင့် သူမရဲ့ ဖခင်က ဇန်နဝါရီ ၇ ရက်ညတွင် သုဝဏ္ဏဘူမိ လေဆိပ်ရှိ ရဲတပ်ဖွဲ့ထံ လာရောက်တိုင်ကြားခဲ့တာပါ။
အမျိုးသမီးနှစ်ဦး ဟာ အိမ်နီးချင်းနိုင်ငံတခု ထပ်မံထွက်ခွာသွားခဲ့တာဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ က သက်ဆိုင်ရာနိုင်ငံအသီးသီးက အာဏာပိုင် ပူးပေါင်းရှာဖွေခဲ့ပြီး တရုတ်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေး ရဲချုပ် ထပ်ချိုင်းကပြောပါတယ်။
ဝူကျားချီ ရဲ့ ဖခင်ကလည်း ထိုင်းရဲတပ်ဖွဲ့ ထံ အမှုဖွင့်ထားတာကို ပြန်လည်ပိတ်သိမ်းခဲ့တယ်လို့ဆိုပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်
(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
