ထိုင်း – မြန်မာနယ်စပ် သောင်းရင်းမြစ် ဘေးမှာ လက်နက်ခဲယမ်းတချို့ ဖမ်းဆီးရမိကြောင်း မဲဆောက်ရဲတပ်ဖွဲ့ ထုတ်ပြန်
ထိုင်း – မြန်မာနယ်စပ် သောင်းရင်းမြစ် ဘေးမှာ လက်နက်ခဲယမ်းတချို့ ဖမ်းဆီးရမိကြောင်း မဲဆောက်ရဲတပ်ဖွဲ့ ထုတ်ပြန်

ထိုင်း – မြန်မာ နယ်စပ် သောင်းရင်းမြစ်ဘေးမှာ စစ်လက်နက်ခဲယမ်း တွေဖမ်းဆီးရမိတယ်လို့ မဲဆောက်မြို့ ရဲစခန်းက ဒီကနေ့ မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်း – မြန်မာနယ်စပ် က သောင်းရင်းမြစ်နံဘေး မဟာဝမ်အမှတ်(၁)မှာ အခုလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီခွဲဝန်းကျင်က ထိုင်းရဲတပ်ဖွဲ့ နဲ့ စစ်တပ်တို့ ပူးပေါင်း ကင်းလှည့်နေချိန်မှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ လက်နက်ခဲယမ်းတွေကို အမည်မသိ အမျိုးသားနှစ်ဦး ကသယ်ဆောင်လာတာဖြစ်ပြီး ထိုင်း ရဲတပ်ဖွဲ့ က စစ်ဆေးဖို့ ခွင့်တောင်းနေချိန် အိတ်ကို ပစ်ချကာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ အမျိုးသား နှစ်သယ်ဆောင်လာတဲ့ အိတ်ထဲမှာ RPG ထိပ်ဖူး (၃) ခု၊ ယမ်း (၃) တောင့်၊ ၄၀ မမ (၁၀) တောင့် နဲ့ ၇ ဒသမ ၆၂ မီလီမီတာ ကျည်ဆံ ၈၈၈ တောင့် ဖမ်းဆီးမိခဲ့ပြီး အဆိုပါ အမျိုးသားနှစ်ဦး က တော့ ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ မဲဆောက်ရစခန်းက တာဝန်ရှိသူတွေ ကပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ နဲ့ လက်နက်ခဲယမ်း သယ်ဆောင်လာသူနနှစ်ဦးကို ဆက်လက်စုံစမ်းနေပြီး ဥပဒေကြောင်း အရ အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့ ရဲ့ထုတ်ပြန်ချက်တွေ အရ သိရှိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ မကြာခင်ရက်ပိုင်းအတွင်း ကျင်းပမယ့် ဆုန်ခရန်သင်္ကြန်ပွဲတော် ကာလအတွင်း အများပြည်သူ လုံခြုံရေး နဲ့ ရာဇဝတ်မှု ပပျောက်ရေး အတွက်နယ်စပ်ဒေသတွေကိုလုံခြုံရေး နဲ့ အစစ်ဆေး တင်းကြပ်ထားတယ်လို့ လည်း အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
အခုလ ၂၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနိုင်ငံကို ပို့ဆောင်မယ့် ဒရုန်းပစ် လက်နက် အပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ အတူ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး ကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရှိရပါတယ်။
ကိုးကား – Mae Sot Police Station

(ယခု ဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times