စစ်အုပ်စု က HIV ဝေဒနာရှင်တွေနေ့စဉ်မပြတ်သုံးစွဲရတဲ့ ART ဆေးဝါး ကိုပါ ကန့်သတ်ထိန်းချုပ်လာ

စစ်အုပ်စု က HIV ဝေဒနာရှင်တွေနေ့စဉ်မပြတ်သုံးစွဲရတဲ့ ART ဆေးဝါး ကိုပါ ကန့်သတ်ထိန်းချုပ်လာ

HIV/AIDS ဝေဒနာရှင်တွေ နေ့စဉ်မပျက်မကွက် ပုံမှန် သုံးစွဲရတဲ့ ART ဆေးကို ကန့်သတ်ထိန်းချုပ်မှုတွေလုပ်ဆောင်လာကြောင်း ဆေးဝါး နဲ့ ဆရာဝန်အသိုင်းအဝိုင်းထံကစုံစမ်းသိရှိရပါတယ်။

ART ဆေးကို သက်ဆိုင်ရာကျန်းမာ‌ရေး ဌာနတွေနဲ့ INGO၊ NGO တွေက အခမဲ့ထုတ်ပေးနေရာငနေ

ဩဂုတ် ၈ ရက်ကနေ စတင်ပြီး စစ်အုပ်ုထိန်းချုပ်ထားတဲ့ အစိုးရ ဆေးရုံကြီးတွေမှာပဲ ထုတ်ယူခွင့်ပေးတော့မှာ ဖြစ်တယ်လို့ HIV ဝေဒနာရှင်တွေကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးနေသူတွေဆိကက သိရပါတယ်။

ART ဆေးဝါးသုံးစွဲနေရသူတွေ စာရင်းကို စစ်အစိုးရရဲ့ မြို့နယ်ကျန်းမာရေးဌာနတွေကိုသာ လွှဲပြောင်းပေးနေရပြီး လက်ရှိ လာရောက်ထုတ်ယူသူတွေကို တော့ တစ်လစာ အဖြစ်ထုတ်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ART ဆေးတွေကို သက်ဆိုင်ရာ ဝန်ဆောင်မှု ပေးနေတဲ့ ဆေးခန်းတွေမှာသာ ရယူနိုင်ပြီးမြန်မာနိုင်ငံမှာ ကျယ်ကျယ် ပြန့်ပြန့်အလွယ်တကူ ဝယ်ယူရနိုင်ဖို့ အခက် အခဲရှိနေသလို ဈေးနှုန်းမြင့်မားတဲ့အတွက် လူတိုင်းဝယ်သောက်ဖို့ မလွယ်ကူနိုင်သေးဘူးလို့လည်း ဆရာဝန်တွေက ပြောပါတယ်။

” ART ဆေးဝါးက HIV ကို ထိန်းချုပ်နိုင်စေဖို့ နေ့စဉ်မလွတ်သောက်ရတဲ့ အဓိကဆေးပါ။ NGO/INGO ကနေတဆင့်ရရှိတာ ရပ်သွားတာကြောင့် အစိုးရဆေးရုံ၊ ဆေးခန်းတွေကသာ ထုတ်ပေးမှာဆိုရင် ဆေးရယူနိုင်မှု တချို့ဒေသမှာ အခက် အခဲတွေ ကြုံလာနိုင်တယ်။ ဆေးမရနိုင်တာ၊ ဆေးပြတ်တာက လူနာရဲ့ ကျန်းမာရေးအခြေအနေကို လျင်မြန်စွာဆိုးဝါး‌ နိုင်တယ်။” လို့ အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောပါတယ်။

NGO/INGO တွေကိုပါ ဆေးထုတ်ယူခွင့်စစ်ကောင်စီကပိတ်လိုက်တော့ ခရိုင်ဆေးရုံကြီးတွေနဲ့ မြို့နယ်ဆေးရုံကြီးတွေမှာ လူအင်အားနဲ့က ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်တဲ့အတွက် ဆေးထုတ်ယူရမှာ အခက်ခဲတွေ ဖြစ်လာနိုင်တာ‌တွေ ကြုံတွေ့ရနိုင်တယ်လို့လည်းဆိုပါတယ်။

ART ဆေးကို အရင်က မြို့နယ်အလိုက်ကျန်းမာရေးဌာနတွေကနေ ၃ လတကြိမ် အခမဲ့ ထုတ်ပေးပေမဲ့ လက်ရှိမှာတော့ တိုက်ပွဲတွေ၊ ဌာနဆိုင်ရာတွေမလည်ပတ်နိုင်သေးတာတွေကြောင့် HIV ကူးစက်ခံရသူတွေ ဆေးပြတ်လပ်မှုနဲ့ကြုံနေကြရသူတွေလည်းရှိနေတယ်လို့လည်း သိရပါတယ်။

” NGOတွေမှာ ဆေးထုတ်မပေးခိုင်းတာလည်းသိချင်တယ်။ NGO မှာထုတ်နေတယ်သူတွေကအခုလိုဆေးရုံမှာထုတ်ရမှာဆိုအစကနေပြန်စရမှာ‌လေ။ အချိန်တန်ရင်သူဘာသာပြန်အဆင်ပြေသွားမှာပဲဆိုပီတွေးနေပေမယ့် ဆေးရဖို့အရင်က ၃ လတခါပဲဒုက္ခခံရတာ။ အစိုးရဆေးရုံတွေမှာထုတ်ရတော့မယ်ဆိုရင် လူစုလူဝေးနဲ့မသိစေချင်တာလေ။ ဒီနေ့သွားထုတ်တာ ဒေသန္တရဆေးပေးခန်းကလည်း အရင်လိုဆရာဝန်တွေလည်းမရှိဆေးလည်းတလစာဘဲပေးလိုက်တယ်။” လို့ HIV ကူးစက်ခံရထားရသူနဲ့ နီးစပ်သူတစ်ဦးက Connect Burma ကို ပြောပါတယ်။

လတ်တလောမှာ ဆေးပြတ်တာကြုံတွေ့နေတဲ့ ရခိုင်ဒေသက HIV ပိုးရှိသူ တချို့ကတော့ ကော်ထရွိုင်ကဲ့သို့ ပိုးသတ်ဆေးအမျိုးအစားတွေကို ဝယ်ယူသုံးစွဲကြတာတွေရှိနေကြပြီး ဆေးဝါးစျေးတွေ မြင့်လွန်းတာကြောင့် အများစုမှာ မဝယ်ယူနိုင်ကြသလို လက်ရှိဝယ်သုံးနေတဲ့ ပိုးသတ်ဆေးတွေဟာ ART ဆေးလို ထိရောက်မှုမရှိဘူးလို့လည်း သူကဆိုပါတယ်။

အလားတူဘဲ ကရင်နီပြည်နယ်မှာ‌ စစ်ဇုံကျယ်ပြန့်လာတာကြောင့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အစစ်ဆေး‌တွေကို ကျော်ဖြတ်ပြီး ဆေးယူဖို့ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေဆီကို သွားကြရတာရှိတယ်လို့လည်းသိရပါတယ်။

အလားတူပဲ ချင်းပြည်နယ် မတူပီမြို့မှာတော့ စစ်ဘေးကြောင့် ဆေးရုံတွေပျက်စီးကုန်တာ‌နဲ့ လမ်းပန်းဆက်သွယ်ရေးအခက်ခဲတွေကြောင့် ထုတ်ယူဖို့ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြတယ်လို့လည်းရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီကတော့ ART ဆေးဝါးများကို နိုင်ငံတော်မှ အကုန်အကျခံဝယ်ယူပေးထားတဲ့အတွက် ဆေးပြတ်ရန် အကြောင်းမရှိဘူးလို့ ငြင်းဆိုထားကာ အစိုးရဆေးရုံတွေမှာသာလာရောက်ထုတ်ယူကြဖို့ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံရသူ ၂၇၀၀၀၀ ကျော်ရှိပြီး လူဦးရေရဲ့ ၀. ၆၄ ရာခိုင် နှုန်း ကူးစက်ခံထားရပြီလို့ ကျမ်းမာရေးဝန်ကြီးဌာန၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။

Connect Burma

The Tanintharyi Times