စစ်တပ်က စစ်ကြောင်းထိုးလာလို့ ပုလောမြို့နယ် ကျေးရွာတချို့က ပြည်သူတွေထွက်ပြေးနေရ

စစ်တပ်က စစ်ကြောင်းထိုးလာလို့ ပုလောမြို့နယ် ကျေးရွာတချို့က ပြည်သူတွေထွက်ပြေးနေရ

ပုံစာ - ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေ။ဓာတ်ပုံ - ဒေသခံ/KIC

စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာလို့ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျေးရွာအုပ်စု ၃ ခုက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပုလောမြို့ အရှေ့မြောက်ခြမ်းမှာရှိတဲ့ ပုလောကုန်းကျေးရွာ၊ နတ်အိမ်တောင်ကျေးရွာနဲ့ ရှမ်းဒွတ်ကျေးရွာတွေဘက်ကို ဒီကနေ့ နံက်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ဘေးလွတ် တဲ့နေရာတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

အဲဒီလိုထွက်ပြေးနေတဲ့အချိန်မှာပဲ နေ့လည် ၁ နာရီဝန်းကျင်အချိန်ကနေ ညနေအထိ ရှမ်းဒွတ်ရွာဖက်မှာ အပြန်အလှန် ပစ်ခတ်နေတဲ့ သေနတ်သံတွေကိုလည်း အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။

“နှစ်ဖက်စလုံးက အပြန်အလှန်ပစ်နေကြတယ်။ ရွာမှာလည်း လူတွေအကုန်ပြေးနေရတယ်”လို့ ဒေသခံအမျိုးသား ကပြောပါတယ်။

ထွက်ပြေးနေရတဲ့ ကျေးရွာတွေဟာ KNU တပ်မဟာ ၄ ရဲ့ထိန်းချုပ်နယ်မြေတစ်ခုဖြစ်ပြီး PDF တွေ ခိုအောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က ဆန်၊ဆီ၊ရိက္ခာတွေ သယ်ယူခွင့်ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီကျေးရွာအုပ်စုတွေမှာ ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိကြပါတယ်။

 

The Tanintharyi Times