မောင်းမကန်က ပျူစောထီးအဖွဲ့ဝင် မူးယစ်ဒိုင်တစ်ဦးပစ်သတ်ခံရ

မောင်းမကန်က ပျူစောထီးအဖွဲ့ဝင် မူးယစ်ဒိုင်တစ်ဦးပစ်သတ်ခံရ

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာက ပျူစောထီးအဖွဲ့ဝင်လည်းဖြစ် မူးယစ်ဆေးဝါးဒိုင်တစ်ဦးလည်းဖြစ်သူတစ်ဦးကို မနေ့ညကရှင်းလင်းခဲ့တယ်လို့ လောင်းလုံး PDF ကသတင်းထုတ်ပြန်ပါတယ်။

အသတ်ခံရသူဟာ ကိုဇော်ဝင်းရှိန်ဆိုသူဖြစ်ပြီး မနေ့ကည ၇နာရီခွဲမှာ လောင်းလုံး PDF၊ DGRF နဲ့ T PDF စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဝင်ရောက်ရှင်းလင်းချိန်မှာ .22 သေနတ်တစ်လက်၊ လေသေနတ်တစ်လက်၊ ရိုက်တုတ်တခု၊ ကျင်စက်တစ်ခု၊ ဓားတချောင်း၊ မူးယစ်ဆေးဝါးချိန်တဲ့ကီလိုခုံတစ်ခု၊ ဖုန်းလေးလုံး၊ ပိုက်ဆံ ၁၄သိန်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ထားဝယ်ဒေသအတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းကို လောင်းလုံးPDFက စာအတန်တန် ထုတ်ပြီးတားမြစ်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

The Tanintharyi Times