စစ်တပ်ရဲ့ ဟန်ပြရွေးကောက်ပွဲကို တားဆီးပြီး ကာလုံ စစ်အစိုးရအဖွဲ့သစ်ကိုအမြစ်ဖြတ်ရမယ်လို့ KNPPပြော
စစ်တပ်ရဲ့ ဟန်ပြရွေးကောက်ပွဲကို တားဆီးပြီး ကာလုံ စစ်အစိုးရအဖွဲ့သစ်ကိုအမြစ်ဖြတ်ရမယ်လို့ KNPPပြော
လွတ်လပ်ပြီးတရားမျှတမှုမရှိဘဲ စစ်တပ်ရဲ့ နိုင်ငံရေးလှည့်စားမှုဖြစ်တဲ့ အတုအယောင်ဟန်ပြ ရွေးကောက်ပွဲကို တာဆီးဖို့နဲ့ စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်တဖြစ်လဲ ကာလုံ စစ်အစိုးရအဖွဲ့သစ်ကို အမြစ်ပြတ် ဖြိုခွင်းနှိမ်နင်းဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPPက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၇၇နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကိုပေးပို့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPPရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ အခုလို ထည့်သွင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ ၊ စစ်တပ်ရဲ့ နိုင်ငံရေးလှည့်စားမှုဖြစ်တဲ့ အတုအယောင်ဟန်ပြ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေတာတွေကို ကန့်ကွက်တားဆီးရမှာအပြင် စစ်ကျွန်ဇာတ်သွင်းမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစိုးရအဖွဲ့သစ်ကိုလည်း အမြစ်ဖြုတ် ဖြိုခွင်းနှိမ်နှင်းရမယ်လို့ KNPPက ဆိုပါတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုတရပ်လုံးနဲ့ တော်လှန်ရေးအင်အားစုတွေက အပြီးတိုင်ဖျက်သိမ်းခဲ့ပြီး ဖြစ်လို့ ဒါကို ပြန်အသက်သွင်းမယ့် ကြိုးပမ်းမှု မှန်သမျှကိုလည်း ဆန့်ကျင်တိုက်ဖျက်ရမယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ -KNPPအနေနဲ့က စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းပြီး ပြည်နယ်သူပြည်နယ်သားတွေရဲ့ ဆန္ဒနဲ့ ပါဝင်မှုကိုအခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးကို တခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ ဦးတည်လျောက်လှမ်းသွားမှာ ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်
Connect Burma
The Tanintharyi Times
