စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အာဆီယံလေတပ်ဦးစီးချုပ်ညီလာခံကို အင်ဒိုနီးရှား၊မလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ တက်ရောက်ဖို့ ငြင်းပယ်

စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အာဆီယံလေတပ်ဦးစီးချုပ်ညီလာခံကို အင်ဒိုနီးရှား၊မလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ တက်ရောက်ဖို့ ငြင်းပယ်

◉ တခြားအာဆီယံနိုင်ငံတွေလည်း နေပြည်တော်ညီလာခံမတက်ဖို့ တောင်းဆို

အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ပြီးနေပြည်တော်မှာကျင်းပဖို့ရှိတဲ့ အာဆီယံ လေတပ်ဦးစီးချုပ်ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ တက်ရောက်ဖို့ ငြင်းပယ် လိုက်တယ်လို့ သိရှိရပါတယ်။

ကျန်အာဆီယံ နိုင်ငံတွေလည်း အကြမ်းဖက် စစ်ကောင်စီဦးဆောင်မယ့်နေပြည်တော်အစည်းအဝေး ကို မရောက်ကျဖို့ Justice For Myanmar (JFM) ကတောင်းဆိုလိုက်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာစစ်တပ်ကို ကာကွယ်ရေးဆိုင်ရာလှုပ် ရှားမှု တွေမှာမပါဝင်ဖို့ အရေးဝိုင်းဝန်းတားဆီးပေးဖို့လည်း JFM ကတောင်းဆိုထားပါတယ်။

စစ်ကောင်စီကအိမ်ရှင်အဖြစ်လက်ခကျင်းပ ပြုလုပ်မယ့် လေတပ်ဦးစီးချုပ်ညီလာခံကို ထိုင်းနိုင်ငံက တက်ရောက်မယ်လို့အတည်ပြုထားပြီး စင်ကာပူ၊ ဘရူနိုင်း နဲ့ ဗီယက်နမ်တို့က တက်၊ မတက်ကို သေချာ ပြောဆို ခြင်း မရှိသေးကြောင်း AFP သတင်းအရ သိရှိရပါတယ်။

ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ်ကမူ သူအနေဖြင့် နေပြည်တော် က အာဆီယံ လေတပ် ဦးစီးချုပ်ညီလာခံကို တက်၊ မတက် မှတ်ချက် ပေးရန် ငြင်းဆန်ခဲ့ပါတယ်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က”အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က အာဆီယံလေတပ်ဦးစီးချုပ် ညီလာခံကို တက်ဖို့ ငြင်းပယ်လိုက်တာက စစ်အုပ်စုကို သူတို့မှာအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံမှု မရှိဘူး၊ ဆုံးရှုံးနေတယ်ဆိုတာကို ထင်သာ မြင်သာ ထင်ရှားတဲ့ သတင်းစကားပေးလိုက်တာပါပဲ။ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ ရာဇ၀တ်စစ်တပ်က ဒေသဆိုင်ရာ ညီလာခံကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ မဖြစ်နိုင်ပါဘူး။ အခြားအာဆီယံလေတပ်အကြီးအကဲတွေဟာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ စံနမူနာကို လိုက်နာပြီး တရားမ၀င် စစ်ကောင်စီနဲ့ AACC ညီလာခံကို တက်ရောက်ဖို့ ငြင်းဆန်သင့်ပါတယ်။ အာဆီယံ အနေနဲ့ စစ်ရာဇ၀တ်ကောင်ဖြစ်တဲ့ လက်ရှိ AACC ဥက္ကဋ္ဌ လေတပ် ဦးစီးချုပ် ထွန်းအောင် ဦးဆောင်တဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့ လေကြောင်း တိုက် ခိုက်မှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။” လို့ပြောကြားခဲပါတယ်။

အာဆီယံလေတပ်အကြီးအကဲများ ညီလာခံတရပ်ကို အခုလ ၁၂ ရက်နေ့ကစတင်ပြီး ၁၅ ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်နေပြီး အဲဒီညီလာခံကို မြန်မာစစ်အုပ်စု လေတပ်ကာကွယ် ရေးဦးစီးချုပ်က အိမ်ရှင်အဖြစ် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရပ်သားအစိုးရဆီက မတရားအာဏာသိမ်းယူထားပြီး ပြည်သူတွေ အပေါ် စစ်ရာဇဝတ်မှုတွေနေချိန်မှာ အာဆီယံအဖွဲ့ က ဒီညီလာခံကိုကျင်းပခြင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုတွေကို ဆက်လက်ကျူးလွန်ဖို့ အားပေးရာရောက် နေတာဖြစ်လို့ ညီလာခံကို ဖျက်သိမ်းရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီCRPH ကလည်း ကတိုက်တွန်းထားပါတယ်။

Connect Burma

The Tanintharyi Times