ICC အလိုရှိနေတဲ့ အစ္စရေးခေါင်းဆာင် နေတန်ယာဟု က ထရမ့်ကို နိုဘယ်ဆု စာရင်းတင်သွင်း
ICC အလိုရှိနေတဲ့ အစ္စရေးခေါင်းဆာင် နေတန်ယာဟု က ထရမ့်ကို နိုဘယ်ဆု စာရင်းတင်သွင်း

အပြည်အပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ကအလိုရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က အမေရိကန်သမ္မတ ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် စာရင်းတင်သွင်းသွားမယ်လို့ ထုတ်ပြန်လာပါတယ်။
နေတန်ယာဟုဟာ တနင်္လာနေ့က အိမ်ဖြူတော်မှာ ထရမ့်နဲ့တွေ့ဆုံစဉ် ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် စာရင်းတင်သွာင်းထားတကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ ဗြိတိန်သတင်းစာ ဂါးဒီးယန်း ကဖော်ပြပါတယ်။
အစ္စရေး နဲ့ အီရန်ကြားက ၁၂ ရက်တာစစ်ပွဲမှာကြားဝင်စေ့စမ်ပေးမှု နဲ့ အမေရိကန် အစိုးရရဲ့ အီရန်နျူကရီးယား အစီစဉ်တွေပျက်စီးအောင်တိုက်ခိုက်ခဲ့တဲ့ စွမ်းဆောင်မှုတွေအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆု အတွက်စာရင်းတင်တာဖြစ်တယ်လို့ နေတန်ယာဟု ကပြောကြားခဲ့ပါတယ်။
ထရမ့် နဲ့ နေတန်ယာဟု တွေ့ဆုံမှုဟာ အစ္စရေး – အီရန် စစ်ပွဲအပြီး ပထမဆုံး အကြိမ်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
နေတန်ယာဟု ပါလက်စတိုင်းအပိုင် ဂါဇာကမ်းမြောင်ဒေသကို ၂၁ လတာတိုက်ခိုက်ခဲ့မှုကြောင့်ဂါဇာဒေသက လူပေါင်း ၆၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီး အများစုမှာ ပါလက်စတိုင်းလူမျိုးတွေဖြစ်ပါတယ်။
အဆိုပါ အစ္စရေး – ဂါဇာ စစ်ပွဲအတွင်း က လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ စစ်ရာဇဝတ်မှုတွေ ကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ မှာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ကို ICC က ဝရမ်းထုတ်ပြန်ထားပါတယ်။
နေတန်ယာဟု ဟာ ဂါဇာကမ်းမြောင် နဲ့ ရာဖာ မြို့က ပါလက်စတိုင်းလူမျိုးတွေ အတင်းအကြပ် နင်ထုတ်ဖို့ ကြိုးပမ်းနေပြီး လူမျိုးတုံးသတ်ဖြတ်မှုလုပ်ဆောင်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
နေတန်ယာဟုကလည်း ထရမ့် နဲ့တွေ့ဆုံချိန်မှာဂါဇာကနေ ဟားမတ်စ် အဖွဲ့ကို ဂါဇာဒေသကနေ အပြီးတိုင်နင်ထုတ်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။
ကိုးကား – ဂါးဒီးယန်း
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times