ကာလသားတို့ ညီကြစို့
ကာလသားတို့ ညီကြစို့
ခုတလော တနင်္သာရီတိုင်းမှာ စစ်ပူနေတယ်။ အထူးသဖြင့် ပုလော၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ တနင်္သာရီမြို့နယ်တွေမှာ အဓိက စစ်ပူနေပါတယ်။
ပူတယ်ဆိုတာ အဲဒီမြို့နယ်အားလုံး တပြိုင်နက်ကို စစ်ဆိုင်၊ စစ်ထိုး၊ စစ်ဆုတ်၊ စစ်ခွာ လုပ်နေကြရတာပါ။
အဲဒီဒေသ၊ အဲဒီမြို့နယ်တွေမှာ အရင်က တိုက်ပွဲဖြစ်တာ၊ ထိုးစစ်ဆင်တာ၊ ခံစစ်ပြင်တာတွေ ရှိခဲ့ပေမယ့် ခုလပိုင်းလို တပြိုင်နက် မရှိခဲ့ပါဘူး။
(ဒီဆောင်ပါးမှာ အာဏာလု စစ်ကောင်စီရဲ့ လက်ပါးစေ အကြမ်းဖက် ဖက်ဆစ်တပ်ကို အတိုကောက် “စခ” ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လမ်းညွှန်ချက်အတိုင်း/မူအတိုင်း/မဟာမိတ်အဖြစ် သွားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို အတိုကောက် “ ပီ ” လို့ သုံးပါမယ်။)
စခတွေဟာ ယခုလတွေအတွင်း တိုင်းတွင်းက “ပီ” တွေကို အမြစ်ပြုတ်ချေမှုန်းရေး ကြွေးကြော်ချက်နဲ့ ရနိုင်သမျှ အင်အား အကုန်သုံးပြီး “စစ်ထွက်”နေပါတယ်။
“စစ်ထွက်” တယ်လို့ သုံးရတာက စခတွေ အခု လုပ်နေပုံကြည့်။ စစ်ချီတယ်ပြောရအောင်ကလည်း မညီမညာ ပရမ်းပတာ။
ထိုးစစ်ဆင်တယ် ပြောရအောင်ကလည်း ပီတွေရှိတဲ့နေရာ သွားဖို့အသာထား၊ ကတ္တရာလမ်းမပေါ်ကတောင် မဆင်းရဲကြ။ တပ်ရင်း၊ တပ်စခန််းက ထွက်လာပြီး ရွာတွေထဲ ပတ်သွားနေနတာမို့ စစ်ထွက်လာတယ် သုံးတာပါ။
ရပ်ရွာထဲက လက်နက်မရှိတဲ့ သာမာန်အရပ်သားတွေကို အနိုင်ကျင့်၊ မထင်ရင် မထင်သလို လူသတ်ပြ၊ မီးရှို့ပြတာပဲ လုပ်တတ်တော့တဲ့၊ စစ်မတိုက်ရဲတော့တဲ့ ၊ စစ်မတိုက်တတ်တော့တဲ့ စခတွေပါ။
စခကို လူတွေ ရှောင်ကြတော့ အချို့က စစ်ဘေးရှောင်လို့ သုံးကြတယ်။ တကယ်က စစ်ဘေးရှောင်တာ မဟုတ်ပါ။
ရွာထဲ ခွေးရူးတွေ ဝင်လာလို့ လူတွေ ရှောင်ပေးကြတဲ့ သဘောပါ။ ခွေးရူးရှောင်တွေပါ။
သာမန်ခွေးရူးကမှ ခွေးရူးပြန်ကာကွယ်ဆေးထိုးလို့ရသေးတယ်။ စခတွေကတော့ ကုရာနတ္တိ ဆေးမရှိတဲ့ ခွေးရူးတွေဆိုတာ သူတို့ ကျင့်ကြံလုပ်ဆောင်နေတာတွေက သက်သေခံနေပါတယ်။
ဘာလုပ်ကြမလဲ။
ရွာထဲပတ်ပြီး ဒုက္ခပေးနေတဲ့ ခွေးရူးတွေကို ဒီအတိုင်း လွှတ်ထားမလား။
ဒီနေရာမှာ ပီရဲဘော်တွေမေးခွန်းနဲ့ ဆရာတော်တစ်ပါးရဲ့ ဖြေကြားမှုကို ပြန်မျှဝေလိုပါတယ်။
ဥရောပနိုင်ငံတစ်ခုမှာ သီတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးနဲ့ တိုင်းထဲက ရဲဘော်တွေ တွေ့ဆုံပွဲလုပ်တော့ ရဲဘော်တွေ အမေးအများဆုံးမေးခွန်းက-
“စခတွေကို သတ်ရင် အပြစ်ရှိသလားဘုရား”
ဆရာတော်အဖြေ အနှစ်ချုပ်က-
“ဆေးကုလို့ မရအောင် ရူးနေပြီး ဝန်းကျင်တစ်ခုလုံးကို ဒုက္ခပေးနေနတဲ့ ခွေးရူးကို ရိုက်သတ်ယုံကလွဲပြီး အခြားမရှိ”
ဟုတ်ကဲ့။
ရိုက်သတ်ရပါမယ်။
အပေါ်မှာ ပြောခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ စစ်ပူနေပါတယ်။ ခွေးရူးတွေ ရွာထဲဝင်သောင်းကျန်းနေတာပါ။ ရိုက်သတ်ရပါမယ်။
သတိထားရမှာက ခွေးရူးတွေက တစ်ကောင်နှစ်ကောင်တည်း မဟုတ်ပါ။ အုပ်လိုက်ပါ။
ဒီတော့ ရွာသားတွေ ညီဖို့ လိုပါတယ်။
ခွေးရူးတွေက အုပ်စုလိုက်ဆိုပေမယ့် ရွာကာလသား(ပီ) တွေ ညီရင် အေးဆေးပါ။ ပီအင်အားက ခွေးရူးအင်အားထက် ဆယ်ဆမက သာပါတယ်။
ပီအချင်းချင်း စည်းစည်းလုံးလုံး၊ ပီနဲ့ ပြည်သူ အချိတ်အဆက်မိမိ ဝိုင်းရိုက်ရင် ဒီခွေးရူးတွေ ပြေးပေါက်တောင် မရှိနိုင်ပါဘူး။
ညီဖို့က အဓိကပါ။ ကိုယ့်တာ ကိုယ်လုံဖို့ အဓိကပါ။
ကြားထဲမှာ ချောင်းရိုက်ပါ။ ပြောက်ကျားနည်းနဲ့ ရိုက်သတ်ပါ။ ပွဲသိမ်းအတွက် အုန်းမောင်းခေါက်သံ၊ အချက်ပေးသံ စောင့်ပါ။
ထောက်စရာ တစ်ခု ကျန်မယ်။
ရူးနေတဲ့ခွေးကို သတ်တာလည်း ပါဏာတိပါတာကံ ထိုက်တာပဲ။ ငရဲ ကျမှာပေါ့။ ဟုတ်ဘူးလား။
အဲလို ထောက်လာရင်တော့ အထက်က ဆရာတော်နဲ့အတူ ရဲဘော်တွေကို ဖျော်ဖြေပေး နာမည်ကြီး အဆိုတော်တစ်ယောက်ရဲ့ စကားကို ပြန်ဖောက်သည်ချလိုက်ပါတယ်။
“မင်းတို့ကြီးတဲ့ငရဲထက် ငါတို့ကြီးတဲ့ငရဲက ပိုမြတ်တယ်”
ကဲ..၊
ခွေးရူးတွေကို ပေါင်းရိုက်ကြစို့။
ရဲဘော်ဂျေ
The Tanintharyi Times
