အမေ့ထံသို့ ထောင်မှပေးစာ
အမေ့ထံသို့ ထောင်မှပေးစာ
သားမှာ မျှော်လင့်ထားတဲ့ အရာတွေရှိတယ်အမေ။ အဲဒါက အချိန်တန်လို့ အပြင်ပြန်ရောက်တဲ့အခါကျရင် အမေ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် တစ်ရေးလောက်အိပ်ချင်မိသေးတယ်။ အမေ့ကို လုပ်ကျွေးခွင့်ရချင်သေးတယ်။ ဘဝမှာ ဒုက္ခကြောင့်နာကျင် ငိုကြွေးရတာပဲဖြစ်ဖြစ်၊ သုခကြောင့် ရယ်မောပျော်ရွှင်ရတာပဲဖြစ်ဖြစ် အမေ့မျက်စိ ရှေ့မှောက်မှာပဲ ကြုံချင်မိသေးတယ်။
ညီမင်းဆက်
The Tanintharyi Times

