မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်နိုင်ငံထဲ ခရီးသွားလာခွင့် ပိတ်ပင်
မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်နိုင်ငံထဲ ခရီးသွားလာခွင့် ပိတ်ပင်

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သမ္မတဒေါ်နယ်ထရမ့် ဗုဒ္ဓဟူးနေ့က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။
ပိတ်ပင်ခံရတဲ့ နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီရာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်တို့ဖြစ်ပြီး လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေများကို အကြောင်းပြု ပိတ်ပင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ထုတ်ပြန်ကြေညာချက်က ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၂ နာရီမှ စတင်ပြီး အကျိုးသက်ရောက်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။
“စာရင်းကို ပြန်လည်ပြင်ဆင်နိုင်သလို နိုင်ငံသစ်များလည်း ထပ်ထည့်သွားဖို့ရှိတယ်” လို့ထရမ့်က X မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အရေးယူ ပိတ်ဆို့မှုခံရတဲ့ စာရင်းထဲရှိ နိုင်ငံသားများထဲမှ အမေရိကန်မှာ ဥပဒေနဲ့အညီ ရှိနေတဲ့ အမြဲတမ်း နေထိုင်သူများ၊ သက်တမ်းမကုန်သေးသော ဗီဇာကိုင်ဆောင်ထားသူများ၊ တချို့ ဗီဇာ အမျိုးအစား ကိုင်ဆောင်သူများနဲ့ အမေရိကန် အကျိုးစီးပွားအတွက် အကူအညီပေးရန် ရောက်ရှိနေသူများကိုတော့ ကင်းလွတ်ခွင့် ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့် ပိတ်ပင်ရခြင်းမှာ မြန်မာနိုင်ငံသားများအနေနဲ့ သက်တမ်းလွန် ဗီဇာဖြင့်နေထိုင်သူများပြားခြင်းနဲ့ B1/B@2 ဗီဇာဖြင့် သက်တမ်းလွန်နေထိုင်မှုမှာ ၂၇ ဒသမ ၀၇ ရာခိုင် နှုန်းရှိပြီး F/M/J ဗီဇာဖြင့် သက်တမ်းလွန်နေထိုင်မှုမှာ ၄၂ ဒသမ ၁၇ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
Connect Burma
The Tanintharyi Times