ကော့သောင်းမှာ တစ်လအတွင်း တောမီးအပါအဝင် မီးလောင်မှု ၃ကြိမ် ဖြစ်ပွား
ကော့သောင်းမှာ တစ်လအတွင်း တောမီးအပါအဝင် မီးလောင်မှု ၃ကြိမ် ဖြစ်ပွား
နယ်စပ်ဒေသဖြစ်တဲ့ ကော့သောင်းမှာ ပြီးခဲ့တဲ့မတ်လ အတွင်း တောမီးလောင်မှု၂ကြိမ်နဲ့ ပေါ့ဆမှုကြောင့် မီးတစ်ကြိမ်လောင်ကျွမ်းခဲ့ပါတယ်။
မတ်လ ၄ ရက်နေ့ညနေ၆နာရီလောက်က ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်က စည်ပင်ဝန်ထမ်းအိမ်ယာအနီး ယင်းဝါရေလှောင်တမံအပေါ်ဘက် တောင်ပေါ်မှာ သဘာဝတောမီးလောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံတွေစုပြီး မီးသတ်ခဲ့ပါတယ်။
မတ်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာလည်း အဲ့ဒီတောမီးဟာ ပြန်လည်လောင်ကျွမ်းခဲ့ပြီး အေးရိပ်ငြိမ်ရပ်ကွက်နဲ့ကပ်လျက် ရွှေဇင်ယော်ရပ်ကွက်မှာရှိတဲ့ ပြည်လုံးချမ်းသာစေတီတည်ထားတဲ့ တောင်ရိုးတလျှောက် လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေရော ပုဂ္ဂလိကရေကားပိုင်ရှင်တွေပါ မနက်ကနေ၊ ညအချိန်ထိ မီးငြိမ်းသတ်ခဲ့ရပါတယ်။
ဒါ့အပြင် မတ်လ ၁၇ ရက်နေ့ညနေ၆နာရီအကျော်လောက်မှာ အေးရိပ်ငြိမ်ရပ်ကွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အနီးက လူနေအိမ်ကနေ ဂတ်စ်အိုးမတော်တဆပေါက်ကွဲပြီး အိမ်အနီးနားက သစ်ပင်ကြီးတွေကိုပါ မီးလောင်ကျွမ်းခဲ့ပါတယ်။
ကော့သောင်းမြို့မှာဇန်နဝါရီလနှင့် ဖေဖော်ဝါရီလကလည်းမီးသတ်ဌာနမှာအသက်ရှုကိရိယာပေါက်ကွဲပြီးမီသတ်သမားတစ်ဦသေဆုံးခဲ့တဲ့အပြင် ဓာတ်ဆီဆိုင်တစ်ဆိုင်နဲ့ လှေငယ်တစ်စီးမီးလောင်ခဲ့တဲ့ ဖြစ်စဥ်တွေရှိခဲ့ပါသေးတယ်။
The Tanintharyi Times
