ယုံကြည်ချက်နဲ့ ထာဝရအသက်

ယုံကြည်ချက်နဲ့ ထာဝရအသက်

ယုံကြည်ချက်ကို မီးတင်ရှို့ပြီး

ညှဉ်းသတ်လို့ ရရိုးလား

ထက်ရှပြင်းပြတဲ့ ယုံကြည်ချက်အောက်

အကြောက်တရားဟာ ပြားပြားဝပ်

ယုံကြည်ချက်က တိတ်ဆိတ်မှုကို လိုလားတဲ့အခါ

အပ်ကျသံ ကြားလောက်တဲ့ ငြိမ်သက်မှုမျိုးနဲ့

မိစ္ဆာတွေ ခြောက်ခြားသွားစေရမယ်

ယုံကြည်ချက်က လက်သီးလက်မောင်းတန်းဖို့ လိုလားတဲ့အခါ

ဘဝဂ်ညံစေတဲ့ ဟစ်ကြွေးသံမျိုးနဲ့

မိစ္ဆာတွေကို စုရုံးမောင်းထုတ်ကြမယ်

တရားမျှတမှု ဆောင်ကြဉ်းရာ လမ်းခရီးမှာ

ယုံကြည်ချက်ဟာ မားမားမတ်မတ် ရပ်တည်လို့

လှိုင်းလေဘယ်လောက်ထန်ထန်

ငါတို့ ယုံကြည်ရာလမ်း ပြိုင်တူလျှောက်လှမ်းကြမယ်

ဆူးညှောင့်ဘယ်လောက်များများ

အမှန်တရားပန်းတိုင်ဆီ ငါတို့ ဦးတည်ကြမယ်

ဘယ်မသမာသူ သတ်သတ်

ငါတို့ယုံကြည်ချက် သွေးမြေမကျစေရဘူး ဟေ့!!

ငြိမ်းပန်

The Tanintharyi Times