ကလိန်အောင်တံတားမှာ ဖြတ်သန်းသွားလာနေတဲ့ မြေတင်ကားတွေဆီကနေ စစ်တပ်က ဖုန်းနံပါတ်တွေ တောင်းယူ
ကလိန်အောင်တံတားမှာ ဖြတ်သန်းသွားလာနေတဲ့ မြေတင်ကားတွေဆီကနေ စစ်တပ်က ဖုန်းနံပါတ်တွေ တောင်းယူ
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ကလိန်အောင်တံတားမှာ ဖြတ်သန်းသွားလာနေတဲ့ မြေတင်ကားတွေဆီကနေ စစ်တပ်က ဖုန်းနံပါတ်တွေတောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁ ရက်က တောင်းယူခဲ့တာဖြစ်ပြီး ဘာကြောင့် တောင်းယူခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မပြောဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ သူတို့လိုအပ်ရင် လိုအပ်သလို ချောဆွဲပြီးသုံးဖို့အတွက် အခုလို တောင်းခဲ့တာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
” ပထမဆုံး ဘယ်ကလဲ၊ ဘယ်မှာနေလဲ ဘာညာမေးတယ်။ တချို့ကားတွေဆို ကားနံပါတ်ပါယူခဲ့တယ်။ အများစုကတော့ ဖုန်းနံပါတ်ကိုပဲ ယူခဲ့တယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကလိန်အောင်မြို့မှာ စစ်ကောင်စီတပ်က မြေသယ်ကားတွေကို ချောဆွဲတာတွေ မကြာခဏရှိနေပါတယ်။
တနင်္သာရီတိုင်းထဲမှာလည်း စစ်ကားတွေမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်သားတွေဟာ မြေသယ်ကားတွေအပါအဝင် အရပ်သားကားတွေကိုချောဆွဲပြီး အသုံးပြုသွားလာတာတွေလည်းရှိနေပါတယ်။
The Tanintharyi Times
