အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ စစ်တပ်ကို မုန်းတီးအောင်လှုံ့ဆော်ခဲ့တယ်လို့ မင်းအောင်လှိုင်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ စစ်တပ်ကို မုန်းတီးအောင်လှုံ့ဆော်ခဲ့တယ်လို့ မင်းအောင်လှိုင်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ မြန်မာစစ်တပ်(မူရင်းမှာတပ်မတော်လို့ သုံးနှုန်းထား) ကို မုန်းတီးအောင်လှုံ့ဆော်ခဲ့တယ်လို့စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့ပါတယ်။
“ ဒီမိုကရေစီဒုတိယအစိုးရ NLD အစိုးရသက်တမ်းကာလတွင် တပ်မတော်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများ လှုံ့ဆော်မှုများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကဏ္ဍအသီးသီးတွင် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရတယ်” စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကဆိုပါတယ်။
ဩဂုတ် ၂ ရက်က ပဲခူးတိုင်း၊ တောင်ငူမြို့က တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) ကိုသွားရောက်ချိန်မှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
NLD အစိုးရ လက်ထက်မှာ စစ်တပ်ကိုမုန်းတီးအောင်လုပ်ဆောင်ခဲ့တယ်လို့စွပ်စွဲပြောဆိုခဲ့ပေမယ့် အကြောင်းအရာတိတိကျကျကိုတော့ စစ်ခေါင်းဆောင်ကထည့်သွင်းပြောကြားတာ မရှိပါဘူး။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများလုပ်ဆောင်ပြီး ပါတီအာဏာရရှိရေး ဆောင်ရွက်ခဲ့ကြကြောင်း လည်းထပ်မံစွပ်စွဲခဲ့ပါတယ်။
ရွေးကောက်ပွဲ ကိစ္စဖြေရှင်းဖို့ စစ်တပ်ကတောင်းဆိုနေတာကို မဖြေရှင်းပေးတာကြောင့် စစ်တပ်က အာဏာသိမ်း(မူရင်းမှာ တပ်မတော်က နိုင်ငံတော်တာဝန်ထမ်းဆောင်လို့ဖော်ပြ) လိုက်ရတာလို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ည်း သူ့ကိုယ်သူ ကာကွယ် ပြောဆိုသွားပါတယ်။
Connect Burma
The Tanintharyi Times