ကြာရှည်ခံ အာဟာရပြည့်အသင့်စား အစားအစာ ပြုလုပ်နည်း သိလိုသူတွေ စာရင်းပေးသွင်းနိုင်ပြီ
ကြာရှည်ခံ အာဟာရပြည့်အသင့်စား အစားအစာ ပြုလုပ်နည်း သိလိုသူတွေ စာရင်းပေးသွင်းနိုင်ပြီ
အချိန် ၂ နာရီပေးရုံနဲ့ အလွယ်တကူသယ်ယူသိမ်းဆည်းနိုင်ပြီး အသင့်စားနိုင်တဲ့ အဟာရပြည့် အစားအစာလုပ်နည်းတွေကို မြန်မာနွေဦးတက္ကသိုလ်ကနေ အခမဲ့လေ့လာ သင်ယူနိုင်ပါပြီ။
သင်တန်းက မနက်ဖြန် ဇူလိုင် ၃ ရက်၊ ညနေ (၇ )နာရီကနေ (၉) နာရီအတွင်း ဆွေးနွေး၊ မျှဝေပေးမှာ ဖြစ်ပါတယ်။စိတ်ပါဝင်စားတဲ့ မည်သူမဆို ဒီလင့်ကနေ စာရင်းပေးသွင်းပြီး လေ့လာနိုင်ပါတယ်။
Link:
နေရာအတည်တကျနေလို့ မရပဲ ရွေ့ပြောင်းသွားလာနေရသူတွေ၊ စစ်ဘေးရှောင်တွေ၊ ကူညီကယ်ဆယ်ရေးနဲ့ ရိက္ခာထောက်ပံ့ရေး လုပ်နေသူတွေအတွက် အထောက်အကူဖြစ်နိုင်တဲ့ သင်တန်းဖြစ်ပါတယ်။
ဒီသင်တန်းမှာ အဟာရကျွမ်းကျင်ပညာရှင်တွေက ကြာရှည်ခံအဟာရပြည့် အစားအစာတွေအကြောင်းကို စနစ်တကျရှင်းပြတာမျိုးအပြင် ပြင်ဆင်ပြုလုပ်ပုံကိုပါ ဗီဒီယိုသင်ခန်းစာတွေ၊ တိုက်ရိုက်ဆွေးနွေးမေးမြန်းတဲ့ စနစ်နဲ့ သင်ကြားပေးမယ်လို့ တက္ကသိုလ်က အသိပေးထားပါတယ်။
The Tanintharyi Times
