နိုင်ငံရေးတိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲလုပ်ရင် မြန်မာပြည်သူတွေ ပြင်းပြင်းထန်ထန်တုန့်ပြန်လိမ့်လို့ စစ်ကောင်စီကို ဂျပန်အစိုးရ သတိပေး
နိုင်ငံရေးတိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲလုပ်ရင် မြန်မာပြည်သူတွေ ပြင်းပြင်းထန်ထန်တုန့်ပြန်လိမ့်လို့ စစ်ကောင်စီကို ဂျပန်အစိုးရ သတိပေး

နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပပါက မြန်မာပြည်သူတွေရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေကို သာရမယ်လို့ စစ်ကောင်စီကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိုင်ဝါယ တကာရှီက ကသိပေးလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်ခွဲကာလ ကိုရောက်ရှိလာသော်လည်း အခြေအနေတွေ မြန်မာနိုင်ငံရေး အခြေအနေတွေ ဆက်လက်ဆိုးရွားနေဆဲ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်းများစွာကို ဆက်လက်ဖမ်းဆီးထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို ဂျပန် အစိုးရအနေနဲ့ သိရှိထားပြီး စိုးရိမ်စရာအခြေအနေတွေ ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။
အဲ့ဒီ အခြေအနေတွေ အောက်မှာ မြန်မာ စစ်အာဏာရှင်တွေဟာ ဇူလိုင်လ ၃၁ ရက်နေ့က အရေးပေါ်အခြေအနေကို ရုပ်သိမ်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။
ဂျပန် အစိုးရ အနေနဲ့ အထွေထွေရွေးကောက်ပွဲတွေကို ဒီမိုကရေစီနိုင်ငံရေးစနစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တစ်ခုအဖြစ် ရှုမြင်သော်လည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးခြင်း မရှိသလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှု မရှိဘဲ လုပ်ဆောင်တဲ့ ရွေးကောက်ပွဲအတွက် အလွန်စိုးရိမ်မိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိုင်ဝါယ တကာရှီကသိပေးပါတယ်။
နိုင်ငံရေးဖြစ်စဉ်တိုးတက်လာတာမရှိဘဲ အထွေထွေရွေးကောက်ပွဲများကျင်းပပါက မြန်မာပြည်သူတွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကိုသာ ရရှိမှာဖြစ်တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိုင်ဝါယ တကာရှီက ပြောပါတယ်။
ဒါကြောင့် ဂျပန်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးရေးအပါအဝင် အချက် ၃ ရက်ကို တောင်းဆိုလိုတယ်လို့လည်း အသိပေးထားပါတယ်။
အဲ့ဒီ အချက်သုံးချက်ကတော့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားများအား လွှတ်ပေးဖို့ နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အမြန်ဆုံးပြန်လည်ထူထောင်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။
အရေးပေါ်အခြေအနေရုပ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် မြန်မာစစ်တပ်က စိတ်ရင်းမှန်နဲ့ ဆောင်ရွက်ဖို့ လည်း မျှော်လင့်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ ဖြစ်လာဖို့ မျှော်လင့်သလို အာဆီယံရဲ့ မြန်မာ့ အရေးလုပ်ဆောင်ချက်တွေကို ဆက်လက်ထောက်ပံ့သွားမယ်လို့ လည်း ပြောဆိုထားပြီး မြန်မာသူတွေကို တိုက်ရိုက်ရောက်ရှိမယ့် အကူအညီပေးရေးကိုသာ ဆောင်ရွက်မယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားထားတာဖြစ်ပါတယ်။
The Tanintharyi Times