ပုလောမှာ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦးသေနတ်နဲ့ပစ်ခံရလို့ အရေးပေါ်ကုသနေရ

ပုလောမှာ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦးသေနတ်နဲ့ပစ်ခံရလို့ အရေးပေါ်ကုသနေရ

Palaw

ပုလောမြို့နယ်၊ သင်္ကန်းတောရွာမှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ ဦးမောင်သိန်းဆိုသူ သေနတ်နဲ့ပစ်ခံခဲ့ရပြီး အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မေလ ၂၉ ရက်နေ့ နံက် ၁၀ နာရီဝန်းကျင်က ပစ်ခံခဲ့ရတာဖြစ်ပြီး သေနတ်နဲ့သုံးချက်ထိမှန်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။

“သူ့ကိုစစ်တပ် သတင်းပေးဒလန်လို့ ပြောနေကြတယ်”ဟု ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။

ဉီးမောင်သိန်းဟာ ကဒဲရွာမှာ နေထိုင်သူဖြစ်ပြီး ရေပေးဝေရေးလုပ်ကိုင်နေသူဖြစ်​တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ဉီးမောင်သိန်းဟာ စစ်ကောင်စီသတင်းပေးလမ်းပြလုပ်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပုလောပြည်ဒေသကာကွယ်ရေးအင်အားစု(PRDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သုံးချက်ပစ်လိုက်တာပါ။ ကျနော်တို့စုံစမ်းရသလောက် မသေသေးဘူးလို့ သိရပါတယ်။ မြိတ်ဆေးရုံမှာပါ”လို့ တာဝန်ရှိသူကပြောပါတယ်။

ပုလောမြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာစစ်ကောင်စီသတင်းပေးတွေကြောင့် ရွာသားတွေ မကြာခဏဖမ်းဆီးခံနေရ​တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေပါတယ်။

The Tanintharyi Times