ဘုတ်ပြင်းမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတစ်ဦးသေဆုံး၊ ၂ဦးဒဏ်ရာရ

ဘုတ်ပြင်းမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတစ်ဦးသေဆုံး၊ ၂ဦးဒဏ်ရာရ

စစ်ကောက်စီတပ်နဲ့ ပြည့်သူ့ကာကွယ်ရေးတပ်တွေ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံကျေးရွာမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

လေညာ-ရတနာပုံလမ်း ၁၈မိုင်နဲ့ ၂၅မိုင်ကြားမှာ မနေ့က ညနေပိုင်းအချိန် ဖြစ်ပွားခဲ့တဲ့ အဆိုပါတိုက်ပွဲဟာ ၁နာရီခွဲလောက်ကြာအောင် နှစ်ဖက် ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး ဒုတပ်ကြပ်တစ်ဦးနဲ့ တပ်သားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KDDF)နဲ့ fly stars (ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဧပြီလ ၂၃ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် လေညာရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ အဖွဲ့ဝင်သေဆုံးပြီး ဒုရဲအုပ်တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။