နွေဦးတက္ကသိုလ်က ဖွင့်တဲ့ နိုင်ငံခြားဘာသာစကား သင်တန်း ၅ ခု
နွေဦးတက္ကသိုလ်က ဖွင့်တဲ့ နိုင်ငံခြားဘာသာစကား သင်တန်း ၅ ခု
“Spring University Myanmar” နွေဦးတက္ကသိုလ်မှာ နိုဝင်ဘာလအတွင်း ဖွင့်လှစ်မယ့် နိုင်ငံခြားဘာသာစကား အတန်းတွေ ရှိနေပါတယ်။
– Japanese Basic Class
– Japanese N4 Class
– French Basic Class
– German Basic Class နဲ့
– German A 1.1 Class
အတန်းချိန်၊ နေ့ရက်ကတော့ တန်းခွဲတစ်ခုချင်းစီအလိုက် ကွာခြားပါတယ်။
Japanese Basic Class ![]()
~~~~~~~~~~~~~~~~~~
အခြေခံမှစတင်လေ့လာမယ့် သူတွေအတွက် ရည်ရွယ်ထားတဲ့ Kanji N5, Vocabulary, အပါအဝင် Grammar ကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာပါ။
Kanji ကိုလည်း နေ့စဉ်သုံး ခန်းဂျီးစာလုံး ၁၀၀၀ ထဲမှ N5အတွက် လိုအပ်တဲ့ ခန်းဂျီး အလုံးရေ ၁၂၀ ကျော်ကို ရေးနည်းကအစ စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။
N5 ကို ဖြေဆိုနိုင်ယုံသာမကဘဲ ဂျပန်စာကို အခြေခံအဆင့်မှ ကိုယ်တိုင်တတ်ကျွမ်း နားလည်ပြောဆိုနိုင်သည်အထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ယခုအတန်းမှာ နိုဝင်ဘာလ (၈) ရက်နေ့မှ စတင်ကာ အချိန်ကာလအားဖြင့် (၃)လကျော်အထိ ကြာမြင့်မှာဖြစ်လို့ အခြေခံကို ပိုင်ပိုင်နိုင်နိုင် သင်ယူလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အထူးပင် သင့်လျော်ပါတယ်။
အသက်အရွယ်အားဖြင့် အသက် (၁၃) နှစ်နဲ့အထက် မည်သူမဆို လေ့လာဖို့ဆန္ဒရှိသူတိုင်း တက်ရောက်နိုင်ပြီး သင်တန်းအစ/ဆုံး အလှူငွေ (၆၉,၀၀၀) ကျပ်တိတိသာ ကျသင့်မှာဖြစ်ပါတယ်။
တက်ရောက်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ အောက်ပါ Link မှတစ်ဆင့် အမြန်ဆုံး စာရင်းပေးနိုင်ပါတယ်။
Link- https:/forms.glerkfPbdKHKyiuW9EL7
Japanese N4 Class ![]()
~~~~~~~~~~~~~~~~~
ဂျပန်ဘာသာစကားလေ့လာမှုခရီးစဥ်ကို နောက်ထပ်တစ်ဆင့် မြှင့်တင်လိုသူတွေအတွက်ပါ။
ယခုတန်းခွဲမှာ N4 Kanji, Grammar နဲ့ ဝေါဟာရကြွယ်ဝစေဖို့ Vocabulary တို့ကို လေ့လာသွားကြမှာဖြစ်လို့ တက်ရောက်မယ့် ကျောင်းသားတွေအနေနဲ့ အခြေခံနဲ့ N5 Kanji တို့ကိုတော့ ကြိုတင်လေ့လာထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
နိုဝင်ဘာလ (၈) ရက်နေ့မှ စတင်ကာ အချိန်ကာလအားဖြင့် (၁၃) ပတ်ကျော်အထိ ကြာမြင့်မှာဖြစ်လို့ N4 Level ကို ပိုင်နိုင်စွာ လေ့လာသင်ယူလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အထူးပင် သင့်လျော်ပါတယ်။
အသက်အရွယ်အားဖြင့် အသက် (၁၃) နှစ်နဲ့အထက် N5 သင်ကြားပြီးသူ မည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းအစ/ဆုံး အလှူငွေ (၇၃,၀၀၀) ကျပ်တိတိသာ ကျသင့်မှာဖြစ်ပါတယ်။
ကျွမ်းကျင်မှုရှိတဲ့ ဆရာတွေက လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းသား/သူတွေရဲ့ အရည်အချင်းကို စစ်ဆေးတဲ့အနေနဲ့ Assignment နဲ့ Final Test တွေ ရှိသွားမှာပါ။
တက်ရောက်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ အောက်ပါ Link မှတစ်ဆင့် အမြန်ဆုံး စာရင်းပေးနိုင်ပါပြီ။ Link- https://docs.google.com/…/1FAIpQLScrYmG0t…/viewform…
French Basic Class ![]()
~~~~~~~~~~~~~~~~
ပြင်သစ်ဘာသာ စကားကို အခြေခံကစပြီး လေ့လာလိုသူတွေအတွက်ပါ။
Basic Level ဖြစ်ပြီး ပြင်သစ် ဘာသာစကားကို စတင်ထိတွေ့မယ့်သူတွေအတွက် ဗျည်းသရ အက္ခရာတွေ၊ ကိန်းဂဏန်းတွေ၊ မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ နေ့ရက်၊ လ၊ အချိန် အပါအဝင် အခြေခံ အသံထွက်ကိုပါ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
အတွေ့အကြုံရှိ ဆရာ/မတွေက နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးတွေနဲ့ လေ့ကျင့်သင်ကြား ပေးသွားမှာပါ။ နိုဝင်ဘာလ (၅) ရက်နေ့ မှ စတင်သွားမှာဖြစ်ပြီး သင်တန်းကာလ (၁) လ ခန့် ကြာမြှင့်သွားမှာဖြစ်ပါတယ်။
သင်တန်းကြေးအနေနဲ့ အစ/ဆုံး အလှူငွေ (၂၅,၀၀၀) ကျပ်တိတိသာ ကျသင့်မှာ ဖြစ်ပါတယ်။
တက်ရောက်တဲ့ကျောင်းသား/သူတွေ အနေနဲ့ အခြေခံပြင်သစ်ဘာသာစကားကို စနစ်တကျ တတ်မြောက်နိုင်ဖို့ အရည်အချင်းကို စစ်ဆေးတဲ့အနေနဲ့ Assignmentနဲ့ Final Test တွေရှိသွားမှာပါ။
ကျောင်းသားအရေအတွက် ကန့်သတ်ထားတာဖြစ်လို့ ဖော်ပြပါ Link ကတဆင့် ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။ Link- https://forms.gle/9cFDyHrXDzJPbWMv8
German A 1.1 Class ![]()
~~~~~~~~~~~~~~~~~
German ဘာသာစကားကို အခြေခံတက်မြောက်ပြီးပေမဲ့ နောက်တစ်ဆင့်ကိုလည်း စနစ်တကျနဲ့ ဆက်လက်သင်ယူလိုသူတွေအတွက် ဖြစ်ပါတယ်။
ဒီတန်းခွဲလေးမှာတော့ သဒ္ဒါတည်ဆောက်ပုံတွေအပြင် ကြိယာ၊ စာကြောင်းတည်ဆောက်ပုံ၊ ကိန်းဂဏန်းနှင့် နေ့ရက် အခေါ်အဝေါ်တွေကိုပါ လေ့လာရမှာဖြစ်ပါတယ်။
ဒါ့အပြင် စုံလင်ကွဲပြားတဲ့ Grammar Pattern တွေနဲ့အတူ အခြေခံ ဂျာမန် အသံထွက်မှ စတင်ကာ Native ဆန်ဆန် Conversation တွေအထိ လေ့လာ သင်ကြားသွားရမှဖြစ်ပါတယ်။
သင်တန်းကာလမှာ နိုဝင်ဘာလ (၅)ရက်နေ့မှ စတင်ကာ (၆)ပတ်ခန့် ကြာမြင့်မှာဖြစ်ပြီး ကျောင်းသား/သူတွေရဲ့ အရည်အချင်းကို စစ်ဆေးတဲ့အနေနဲ့ Assignment နဲ့ Test တွေရှိမှာပါ။
သင်တန်းကြေးအနေနဲ့ အစ/ဆုံး အလှူငွေ (၂၈,၀၀၀) ကျပ်တိတိသာ ကျသင့်မှာဖြစ်ပါတယ်။
လက်ခံနိုင်တဲ့ ကျောင်းသားဦးရေကန့်သတ်ထားတာမို့ နောက်ကျသွားတာမျိုးမဖြစ်ရလေအောင် အောက်ပါ Link ကတစ်ဆင့် စာရင်းသွင်းနိုင်ပါပြီ။ Link- https://forms.gle/eq6urAar24ZSqnTw5
German Basic Class ![]()
~~~~~~~~~~~~~~~~~
သင်က German ဘာသာစကားကို အခြေခံကစပြီး ပိုင်ပိုင်နိုင်နိုင်နဲ့ စနစ်တကျ သင်ယူလိုသူတွေအတွက်ပါ။
ဒီသင်တန်းမှာတော့ မိမိကိုယ်ကို မိတ်ဆက်ပုံ၊ အခြေခံသဒ္ဒါတွေ၊စာကြောင်းဖွဲ့စည်းပုံ၊ ကြိယာတွေနဲ့တူ နေ့စဉ်အသုံးအနူန်းတွေ၊ မှန်ကန်တဲ့ အသံထွက်ပုံ ထွက်နည်းတွေကိုပါ လေ့လာသင်ကြား သွားရမှာဖြစ်ပါတယ်။
ဒါ့အပြင် အရေး၊ အဖတ်၊ အပြောနဲ့ နားထောင်မှုစွမ်းရည် အစရှိတဲ့ 4 Skills လုံး ဖွံ့ဖြိုးတိုးတက်လာစေဖို့ လေ့ကျင့်သွားပေးဦးမှာပါ။
သင်တန်းကာလမှာ နိုဝင်ဘာလ (၅)ရက်နေ့မှ စတင်ကာ (၆)ပတ်ခန့် ကြာမြင့်မှာဖြစ်ပြီး ကျောင်းသား/သူများရဲ့ အရည်အချင်းကို စစ်ဆေးတဲ့အနေနဲ့ Assignment နဲ့ Test တွေရှိမှာပါ။
သင်တန်းကြေးအနေနဲ့ အစ/ဆုံး အလှူငွေ (၃၅,၀၀၀) ကျပ်တိတိသာ ကျသင့်မှာဖြစ်ပါတယ်။
လက်ခံနိုင်တဲ့ ကျောင်းသားဦးရေကန့်သတ်ထားတာမို့ နောက်ကျသွားတာမျိုးမဖြစ်ရလေအောင် အောက်ပါ လင့်မှာ စာရင်းသွင်းပါ။ Link- https://forms.gle/x6VEeEQVMD5j9K5N7



The Tanintharyi Times
