Grade 10(အသစ်)နဲ့ Grade 11(အဟောင်း) အတန်းအတွက် ကျောင်းအပ် လက်ခံနေပြီ
Grade 10(အသစ်)နဲ့ Grade 11(အဟောင်း) အတန်းအတွက် ကျောင်းအပ် လက်ခံနေပြီ
နွေဦးဖက်ဒရယ်အထက်တန်းကျောင်းက အသစ်ဖွင့်လှစ်မယ့် Grade 10(အသစ်)နဲ့ Grade 11(အဟောင်း) အတန်းတွေအတွက် ကျောင်းသားလက်ခံနေပါပြီ။
ကျောင်းအပ်မယ့်သူကတော့ CDM ကျောင်းသား/သူတွေ ဖြစ်ရမယ်လို့ နွေဦးဖက်ဒရယ်အထက်တန်းကျောင်းက သတ်မှတ်ထားပါတယ်။
ကျောင်းဖွင့်ချိန်မှာ ည 7နာရီကနေ 10 ထိ ဖြစ်ပြီးကျောင်းကို အချိန်ပေးတက်နိုင်မယ့်သူ ဖြစ်ရမယ်လို့ သတိပေးထားပါတယ်။
အွန်လိုင်းကနေ သင်ကြားရမှာ ဖြစ်လို့ အင်တာနက် ကောင်းမွန်ဖို့တော့ လိုပါတယ်။
Grade 10 ကျောင်းသား/သူတွေ
~~~~~~~~~~~~~~~~~~~~~
*Myanmar၊ English၊ Mathematics၊ Science နဲ့ Social Studies ၅ ဘာသာသင်ယူရမှာပါ။
*ပညာသင် ကာလ ၇ လရှိပါမယ်။
*November လမှာ စတင်ဖွင့်လှစ်မှာပါ။
Grade 11 ကျောင်းသား/သူတွေ
~~~~~~~~~~~~~~~~~~~~~
*NUG / MoE Asaessmentကို ဝင်ရောက်ဖြေဆိုရမှာပါ။
*ပညာသင်ကာလကို သတ်မှတ်မထားပါဘူး။
*NUG /MoE စာမေးပွဲ စစ်ဆေးတဲ့ ကာလအထိ လိုအပ်သလို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
တက်ရောက်မယ့် ကျောင်းသား/သူတွေ အနေနဲ့ နွေဦးဖက်ဒရယ်အထက်တန်းကျောင်းရဲ့ Facebook Page >>> https://www.facebook.com/profile.php?id=100084610785097 သို့ လာရောက်အပ်နှံပြီး Telegram Channelတောင်းယူရမယ်လို့ ဖော်ပြထားပါတယ်။
The Tanintharyi Times
