C4T က စာမူရှင်တွေ ဖိတ်ခေါ်နေ

C4T က စာမူရှင်တွေ ဖိတ်ခေါ်နေ

Click For Tanintharyi-C4T က သူတို့ရဲ့ Website မှာ တင်ဖို့အတွက် စာမူ ရေးပေးနိုင်မယ့် ကလောင်ရှင်တွေကို ဖိတ်ခေါ်နေပါတယ်။

ရေးသား၊ ပေးပို့လိုသူတွေက စာမူကို သူတို့ရဲ့ Facebook Chat Box ဒါမှမဟုတ် Telegram ကနေ ပို့ပေးရုံပါပဲ။

ပေးပို့ရမယ့် လင့်က >>> https://t.me/+0kLOJ3RUOBg0YmI1 ဖြစ်ပါတယ်။

ရေးသားမယ့် သူတွေအနေနဲ့ Facebook၊ Google စတာတွေကနေ Reference ယူရေးလို့ ရနိုင်ပြီး ထပ်တူ ကူးချတာမျိုးတော့ လုပ်လို့မရပါဘူး။

ရေးလို့ရနိုင်မယ့် ခေါင်းစဉ်၊ အကြောင်းအရာတွေကိုလည်း C4T က နမူနာ ပြောပြထားပါတယ်။ အဲ့ဒီအကြောင်းအရာတွေကတော့၊

မန္တလေး နန်းတော်

မြန်မာ့ လက်ဖက်

မြန်မာ့ လက်ဖက်ရည်

ဧရာဝတီ လင်းပိုင်

အီတလီနိုင်ငံ၊ ဗင်းနစ်မြို့

ဆွစ်ဇလန်ကို အလည်သွားကြမယ်

ပြင်သစ်မှ အီဖယ် မျှော်စင်

မြန်မာပြည်ရောက်လျှင် စားသင့်သော အစားအစာများ

မြန်မာပြည်ရောက်ရင် စားသင့်တဲ့ မုန့်တွေ

မဟာမြတ်မုနိ

ရွှေတိဂုံ ဘုရား

အစားအသောက်များ

ခရီးသွားခြင်း

သိပ္ပံနဲ့ နည်းပညာ

အကောင်ပလောင်များ (ခွေး၊ ကြောင် စသဖြင့်)

စတဲ့ အကြောင်းတွေကို ရေးလည်း ရတယ်လို့ ရှင်းပြထားပါတယ်။

အာဏာရှင် စနစ်ကို ကလောင် အစွမ်းနဲ့ အမြစ်ဖြုတ်ဖို့၊ C4T ရဲ့ ကလောင် တပ်ဖွဲ့မှာ ပါဝင်နိုင်ပါပြီ။

The Tanintharyi Times