ငါးလကြာ သိန်ခွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ အထက်အမိန့်ကြောင့် တပ်ပြန်ဆုတ်ခွင့်မရ

ငါးလကြာ သိန်ခွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ အထက်အမိန့်ကြောင့် တပ်ပြန်ဆုတ်ခွင့်မရ

“စစ်တပ်က ဘာလို့ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်ဖြစ်နေလဲဆိုတော့ ရှေ့မတိုးနိုင်တာက တော်လှန်ရေးတပ်တွေက ခုခံပြီးတော့ တိုက်ခိုက်နေလို့ပဲပေါ့နော်။ ပြီးတော့ အဲ့ဒီ ကျနော်တို့က သူတို့ရဲ့ ရှေ့တန်းကိုပဲ ခုခံတိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ နောက်တန်းကိုလည်း ကျနော်တို့က ရနိုင်သလောက်ဖြတ်တောက်တယ်။ ပြောက်ကျားစစ်ဆင်ရေးတွေနဲ့ ဝင်ရောက်နှောက်ယှက်တယ်။ အဲ့တော့ သူတို့က ရှေ့ကို တက်လာနိုင်ဖို့ရာ နောက်မှာလည်း လုံခြုံဖို့လိုတော့ ရှေ့ကိုသူတို့တက်လာဖို့မလွယ်ဘူး။ ကျနော်တို့ ရဲ့ ရှိတဲ့အင်အားကို သူတို့ကျော်လွှားနိုင်ဖို့ လက်ရှိအခြေအနေမှာတော့ သူတို့ အဆင်မပြေနိုင်တဲ့ အနေအထားမျိုးရှိတာပေါ့နော်။ ဆိုတော့ နောက်မဆုတ်ဘူးဆိုတာက ဘာလို့လဲဆိုတော့ ပထမလာတာက ဗျူဟာမှူးတစ်ယောက် ၊ ပြိးတော့ နောက်တယောက်ထပ်ချိန်းသွားတယ်။ အခုဆို ဗျူဟာမှူးအသစ်တစ်ယောက် ဖြစ်သွားတယ်။ အဲ့ဒီကာလမှာ သူတို့ ဆုတ်မိန့်တွေတောင်းပေမဲ့ အထက်လူကြီးတွေရဲ့ အမိန့်အာဏာကို မလွန်ဆန်နိုင်လို့ နောက်မဆုတ်ရတာဖြစ်တယ်ပေါ့”

The Tanintharyi Times