စစ်ကောင်စီဟာ တခြားနိုင်ငံတွေက လုပ်ဆောင်ပေးနေတဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မဲ့ အလားအလာတွေကို နင်းခြေလိုက်တာလို့ AA ထုတ်ပြန်

စစ်ကောင်စီဟာ တခြားနိုင်ငံတွေက လုပ်ဆောင်ပေးနေတဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မဲ့ အလားအလာတွေကို နင်းခြေလိုက်တာလို့ AA ထုတ်ပြန်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLDလွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၄ဦး သေဒဏ်စီရင်ခံရတဲ့အပေါ် AAက ဒီနေ့ သဘောထားထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေ တိုက်တွန်းကူညီနေတဲ့ငြိမ်းချမ်းစွာ ဖြေရှင်းဆောက်ရွက်မယ့်အလားအလာလမ်းစကောင်းတွေကို နင်းခြေဖျက်ဆီးပြလိုက်တာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

သေဒဏ်စီရင်ချက်ဟာမလုပ်သင့်ကြောင်း သံတမန်ရေးနဲ့နိုင်ငံရေးအသိုင်းအဝိုင်းက မေတ္တာရပ်ခံတားမြစ်နေတဲ့ကြားက အခုလိုလုပ်တာဟာ ပြည်သူတွေရဲ့ဒေါသနဲ့မခံချင်စိတ်ကိုလည်း နှိုးဆွစိန်ခေါ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

စစ်ကောက်စီကရက်ရက်စက်စက်သေဒဏ်ပေးခံလိုက်ရတဲ့သူ ၄ဦးထက် ပိုမိုရဲရင့်ပြီး မြန်မာနိုင်ငံအပြောင်းအလဲနဲ့ နွေဦးတော်လှန်ရေးအတွက်ပိုမိုအကျိုးပြုတဲ့ အနာဂတ်သူရဲကောင်းတွေထပ်မံမွေးဖွားလာမယ်လို့ အပြည့်အဝယုံကြည်ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ်မိ​ကြောင်းနဲ့ မိသားစုအပါအဝင်မြန်မာပြည်သူအားလုံးနဲ့ထပ်တူဝမ်းနည်းခံပြင်းမိပြီး မြန်မာနိုင်ငံအနာဂတ်နဲ့ ငြိမ်းချမ်းရေးအတွက်ရင်လေးမိကြောင်းကိုလည်း ရေးသားထားပါတယ်။

The Tanintharyi Times