နိုင်ငံသားသတင်းစာပညာ

နိုင်ငံသားသတင်းစာပညာ

လူ့အဖွဲ့အစည်းတစ်ခုဟာ အရေးကြီးတဲ့အမှောင်ခေတ်တစ်ခုကို ဖြတ်သန်းနေရပြီဆိုရင် နိုင်ငံသားသတင်းစာပညာနဲ့ နိုင်ငံသားသတင်းသမားတွေ (Citizen Journalists (CJ) )ရဲ့ အခန်းကဏ္ဍက ရှေ့တန်းကို ရောက်လာပါတယ်။

နိုင်ငံရေးမတည်မငြိမ်နဲ့ စစ်ရေးပဋိပက္ခအောက်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ စီးဆင်းနိုင်ဖို့အတွက် ဒေသအသီးသီးမှာ နိုင်ငံသားသတင်းသမား (CJ) တွေ ပေါ်ထွန်းလာဖို့ အလွန်အရေးကြီးလှပါတယ်။

ပြည်သူတွေဟာ သူတို့တွေရဲ့အသက်တွေ၊ ပိုင်ဆိုင်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ အကြောက်တရားတွေအတွက် မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ၂၄နာရီပတ်လုံး တောင့်တ နေကြတာပါ။

ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လူတိုင်းက နိုင်ငံသားသတင်းသမား (CJ) တွေ အဖြစ် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် CJ တစ်ယောက် သိထားရမယ့် နိုင်ငံသားသတင်းစာပညာအခြေခံအကြောင်းအရာတွေကို တင်ဆက်လိုက်ပါတယ်။

The Tanintharyi Times